Thursday, April 26, 2012

ကျွန်ုပ်ချစ်ရသောသူလေးအတွက်...

သူဟာကျွန်ုပ်အတွက်တော့..လမီးအိမ်
လေးပေါ့။
အတ္တတွေနဲ့..ဗလောင်ဆူ
မာန်မနတွေနဲ့..အမှောင်ထု
ချစ်မရှိတဲ့..နှလုံးသားတစုံကို
ထွန်းညှိပေးတဲ့..မီးအိမ်ရှင်လေ.
.။
ကျွနုပ်ဟာ..သူ့ရဲ့လူရွှင်တော်
သူအပြုံးမြင်ရင်..ကျေနပ်သူမို့
ဟာသတွေဖန်တီး....သူပျော်ရင်
မိုးထိအောင်...ခေါင်းတိုက်မယ့်
လူ။
သူစိတ်မရွှင်...ကိုယ့်သည်းဟာ
ဟက်တက်ပေါ့...ကိုးဆယ်ဆ
ခံရတယ်လေ..။
ကံကြမ္မာရယ်...ပင်လယ်နဲ့ကောင်း
ကင်
ကွာဝေးပေမဲ့....online ပေါ်ကနှလုံးသားတွေ
စိတ်ချင်းနီးလို့...ဖြူစင်တဲ့ေ
မတ္တာတွေ
ဝေဖြာမြဲ...ဒါအချစ်လေ။
သူနေထိုင်မကောင်း..ဥတုဖေါက်တော့
ကိုယ့်အသည်းကို...ဓါးနဲ့မွှန်း
သလို
စိုးရိမ်စိတ်တွေ..ဒီဂရီတက်
မှန်တိုင်းတေးသွား...နှလုံးသား
ကဆို
ဆူနာမနီသံစဉ်....ကိုယ့်တကိုယ်လံ
ုးကို
လွှမ်းခြုံခဲ့ပေါ့..မေ။
(မင်းန၀ါ...၂:၄၅မီနစ်)မနက်မိုးေ
သာက်ချိန်

Wednesday, April 25, 2012

သင်းကွဲသူများ(၂)


နှုတ်ဆက်ကြရအောင် အချစ်ရယ်

တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား

ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်

တကယ်တော့ တစ်လမ်းတည်းပါပဲ

(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)

ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ

စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက

မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်

ခုတော့ ကိုယ်တစ်ယောက်တည်း

အေးလေ မင်းလည်း တစ်ယောက်တည်းပါပဲ

ကဲ ခွဲကြစို့

နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်။(တာရာမင်းဝေ)

Monday, April 23, 2012

နင်သိဖို့အတွက်..............

ချစ်သူ...........

လက်တွေလည်းညောင်းလှပါပြီ...........

နင့်ကိုချစ်တဲ့အကြောင်းတွေရေးရလွန်းလို့လေ..............

စိတ်တွေလည်းရှုပ်လှပါပြီ...............

နင့်ကိုစိတ်မချ၇တာတွေလေ............

အိပ်ေ၇းတွေလည်းပျက်လှပါပြီ............

နင့်ကိုညညလွမ်းကလွန်းလို့လေ..............

ငါချစ်သလို ၊ ငါလွမ်းသလိုသာ

နင်ချစ်မယ် ၊ နင်လွမ်းမယ်ဆိုရင်

ငါကိုမှီနိုင်မယ်လို့တောင်မထင်ပါဘူး...............

နင့်ကိုငါဘယ်လောက်ချစ်လဲဆိုတာနင်သိဖို့အတွက်ပါ...................

(((ဖန်ဆင်းရှင်ကို ဘယ်သူဖန်ဆင်းသလဲ)))..............

လောကလူသားအားလုံးက ဖန်ဆင်းရှင်၊ ကယ်တင်ရှင်၊ မဟာဗြဟ္မာ၊ ထာဝရ စသော တန်ခိုးရှင်များကို စွဲစွဲလန်း လန်း လက်ခံယုံကြည်နေကြပါသည်။ သို့သော် ဖန်ဆင်းရှင် မဟာဗြဟ္မာ(ထာဝရဘုရား)၏ ဇစ်မြစ်ကိုကား မည် သူမျှ ခြေခြေမြစ်မြစ် မသိရှိကြပါ..။

အကြောင်းရှိမှ အကျိုးဖြစ်ပါသည်။ ဖန်ဆင်းရှင် ရှိလျှင် ဖန်ဆင်းရှင်၏ အ ကြောင်းရင်းဇစ်မြစ်လည်း ရှိကိုရှိရပါလိမ့်မည်..။ အကြောင်းရင်း ဇစ်မြစ်ကို ရှာကြည့်ကြရအောင်..။ မြတ်စွာဘုရားရှင်က ဗြဟ္မဇာလသုတ် ဧကစ္စသဿတဒိဋ္ဌိ အခန်းတွင် ဖန်ဆင်းရှင်၏ဇစ်မြစ်ကို ဟောကြားထား တော်မူခဲ့ပါသည်..။

ကမ္ဘာကြီး သက်တမ်းစေ့၍ ပျက်သောအခါ ကမ္ဘာပေါ်ရှိသတ္တ၀ါများ အထက်ဗြဟ္မာ့ဘုံ၌ ဖြစ် ကြရသည်။ ကမ္ဘာပျက်သောအခါ ကမ္ဘာကြီးကိုလောင်သော မီးအရှိန်ကြောင့် အောက်အောက် နတ်ဘုံ ဗြဟ္မာ့ဘုံ များလည်း ပျက်ကြရသည်။ ကမ္ဘာသစ်တည်သောအခါ အောက်အောက် ဗြဟ္မာ့ဘုံများလည်း အသစ်အသစ်ပြန် လည် ဖြစ်တည်ကြရပါသည်.။

ထိုအခါ အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာတစ်ဦးသည် သက်တမ်းစေ့၍ သေဆုံးကာ အသစ်တည်သော အောက်က ဗြဟ္မာ့ဘုံတွင် ဗြဟ္မာဖြစ်လာခဲ့သည်။ သူတစ်ဦးတည်းသာ ဈာန်သမာပတ်ဖြင့် နေထိုင်ရင်းက ``တစ်ပါးသော သတ္တ၀ါများ ဤဘုံသို့ ရောက်လာရင်ကောင်းမှာပဲ``ဟု တမ်းတမိသည်.။

တစ်ဦးတည်း နေရသည်မှာ ကြာလာ သောကြောင့် မပျော်မရွှင်ဖြစ်ရာက တမ်းတမိခြင်းဖြစ်သည်..။ ထိုအခါ၌ အထက်ဗြဟ္မာ့ဘုံများက ဗြဟ္မာများ သေလွန်သောအခါ ထိုဗြဟ္မာသစ်ဘုံသို့ ရောက်ရှိလာကြပါသည်။ ပထမဆုံးရောက်နေသော ဗြဟ္မာကြီးက နောက်မှရောက်လာသော ဗြဟ္မာများကို သူတမ်းတလိုက်၍ ရောက်လာ ခြင်းကြောင့် သူဖန်ဆင်းလိုက်သော သားသမီးများဟု ယူဆလေသည်..။

နောက်မှ ရောက်လာသော ဗြဟ္မာတို့ ကလည်း ရှေ့ဦးစွာရောက်နှင့်နေသော ဗြဟ္မာကြီးသည် သူတို့ကို ဖန်ဆင်းသူ သူတို့ အဖဘုရားဟု ယူဆကြ လေသည်..။ ရှေးဦးဗြဟ္မာကြီးသည် နောက်မှရောက်လာသော ဗြဟ္မာများထက် သက်တမ်း၊ အရောင်အလင်း တန်ခိုးစသည်ဖြင့် အစစအရာရာ သာလွန်ပါသည်။ နောက်မှရောက်လာကြသော ဗြဟ္မာများ သေဆုံးသွားသောအခါ လူ့ပြည်သို့ရောက်လာကြပါသည်။

လူ့ပြည် မှာလည်း ကမ္ဘာသစ်တည်ကာ လူတွေအများကြီးရောက်နေကြချိန်ဖြစ်ပါသည်။ ဗြဟ္မာ့ပြည်က ရောက်လာကြ သောသူများသည် အထုံဝါသနာအလိုက် ဈာန်ကျင့်စဉ်များကို ကျင့်ကြံကြသည့်အခါ ရှေ့ဘ၀(တစ်ဘ၀ကိုသါ) အောက်မေ့နိုင်သော ဉာဏ်ကို ရရှိလာကြသည်..။ (နှစ်ဘ၀သုံးဘ၀ စသည်ဖြင့် ဘ၀အဆက်ဆက်ကို တော့ မအောက်မေ့နိုင်ပါ)။ သူတို့၏ အဘိညာဏ်ဖြင့် သူတို့နေထိုင်ခဲ့ရာဗြဟ္မာ့ဘုံနှင့် သူတို့ကို ဖန်ဆင်းခဲ့သည်ဟု ယူဆခဲ့သော ဗြဟ္မာကြီး ကို အောက်မေ့သတိရလာကြသည်..။ သူတို့ဉာဏ်မျက်စိဖြင့် လှမ်းကြည့်နေချိန်တွင် ဗြဟ္မာကြီးလည်း သက် ရှိထင်ရှား ရှိနေဆဲပင်..။

ထိုအခါ သူတို့က ``ငါတို့ကို ဖန်ဆင်းသော မဟာဗြဟ္မာကြီးသည် အလွန်တန်ခိုးကြီး လေစွာ့။ သတ္တ၀ါတွေကိုလည်း ဖန်ဆင်းနိုင်တယ်။ ပျက်စီးခြင်းသဘော သေဆုံးခြင်းသဘောမရှိ မြင့်မြတ်လှ ပါပေစွာ့။ တစ်လောကလုံး၏ အမြတ်ဆုံး အဖဖြစ်ပေစွာ့`` ဟု မှတ်ယူသွားကြလေတော့သည်..။ အမှန်က သူတို့သာ နှစ်ဘ၀ သုံးဘ၀မြင်နိုင်သော ဉာဏ်မျက်စိရှိခဲ့ပါလျှင် သူတို့ကို ဖန်ဆင်းသူဟု သူတို့ကိုးကွယ်နေ ကြသော ဗြဟ္မာကြီးလည်း သူတို့လိုပင် အထက်ဗြဟ္မာ့ဘုံကနေ ဆင်းသက်လာသည်ကို သိမြင်သွားနိုင်ပါ သည်။

ထိုသို့ဆိုလျှင် ဖန်ဆင်းရှင်အယူဝါဒ ဖြစ်ပေါ်ရန် အကြောင်းမရှိပါ။ သူတို့ကိုယ်တိုင် ဈာန်အဘိဉာဏ်ရပုဂ္ဂိုလ်ကြီးများဖြစ်ပါလျှက် သူတို့က စတင်၍ ဖန်ဆင်းရှင်ဝါဒကို စွဲမြဲ စွာ မှတ်ယူလာခဲ့ကြပါသည်..။ မှန်းဆပူဇော်လာခဲ့ကြသည်.။ နောင်လာနောက်သားများကလည်း သူတို့ ကိုးကွယ်လာခဲ့သော ဖန်ဆင်းရှင်ကြီးကို ဆက်လက်ကိုးကွယ်လာရာက အစပြုကာ ဖန်ဆင်းရှင် တန်ခိုး တော်ရှင် ကောင်းကင်ဘုံတွင် အမြဲတည်နေသော၊မသေဆုံးသော ထာဝရဘုရားအယူအဆဖြစ်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်..။ ကိုယ်ထင် ကုတင်ရွှေနန်း ဆိုသကဲ့သို့ မြတ်စွာဘုရားဟောတော်မူသော ဖန်ဆင်းရှင် ဖြစ်ပေါ်လာပုံအကြောင်းအရာကို အမှန်ဟုမယူဆပဲ ဖန်ဆင်းရှင်ဝါဒသာ အမှန်ဟု ယူဆလိုက ယူဆနိုင် ပါသည်..။
မည်သည့် ဘာသာအယူဝါဒကိုမျှ မပုတ်ခတ်ပါ..။
ဉာဏ်ပညာတိုးပွားနေစေရန် သာ တင်ပြလိုက်ခြင်းဖြစ်ပါသည်..။
အကြောင်းရှိလျှင် အကျိုးဖြစ်ပါလိမ့်မည်။
လမ်းဆုံးလျှင် ရွာတွေ့ပါ လိမ့်မည်.။
ကိုယ့်သမိုင်းကိုယ်ကောင်းအောင် ဖန်တီးဖို့က ကိုယ့်တာဝန်ဖြစ်ပါသည်..။ ကိုယ့်ဘ၀သမိုင်း ကို အကောင်းဆုံးဖြစ်စေရန်ဖန်ဆင်းပေးသူကား ကိုယ်ကိုယ်တိုင်သာဖြစ်သည်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နိုင်ကြပါစေ..။
(အရှင်ဇ၀န(ကုန်းဇောင်း)ဗုဒ္ဓကမ္ဘာမှာ ပြန်လည်ကူးယူမျှဝေပါသည်)

ဆုတောင်းတယ်................

တစ်မြေခြားနေတဲ့ဘ၀...........

မဆုံနိုင်တော့မယ့်ဘ၀တွေ..............

ချစ်လျှက်နဲ့ခွဲ.......

ပြန်မဆုံနိုင်တော့မယ် ချစ်ခြင်းတွေ..........

တမ်းတမိတဲ့ မင်းရဲ့စကားသံ

အသက်ရူလိုက်တိုင်းရေ၇ွတ်မိ............

ဒီဘ၀တင်မဟုတ်ပါဘူး..............

ငါဆုတောင်းတယ်...........

နောက်ဘ၀ဆက်တိုင်းလဲ

ချစ်လျှက်နဲ့မခွဲပါရစေနဲ့လို့................

အခြေအနေ.................

မဖြစ်နိုင်ဘူး ၊ မဖြစ်သင့်ဘူးဆိုတာတယ်..........
ဝေးရတော့မယ်ဆိုတာလဲငါသိနေတယ်...............
ငါသိရက်နဲ့ရှေ့ဆက်တိုးမိတယ်.........
နင့်ကိုငါဝေဒနာပေးချင်လို့မဟုတ်ပါဘူး.............
အချစ်ကိုတားဆီးလို့မ၇ဘူးလေ.........
ရင်ထဲကဖြစ်ပေါ်လာတာဘယ်သူသိနိုင်မလဲ.............
နင့်နဲ့ငါဘ၀ခြင်းမတူလို့နင့်ကိုမချစ်ကတော့ဘူးလား.........
တစ်ကယ်ချစ်ရင်ဂုဏ်တွေဒြပ်တွေမလိုပါဘူး.........
နင့်မှာချစ်တက်တဲ့နှလုံးသား၇ှိရင်ပြီးပါပြီ..........
အသိုင်းဝိုင်းတွေ့ဘယ်လောက်ပဲဖြတ်ဖြတ်ပါ
နင့်ငါကိုတစ်ကယ်ချစ်၇င်ဘယ်လိုအခြေအနေဘဲဖြစ်နေပါစေ
နှစ်ယောက်အတူဘ၀ကိုရင်ဆိုင်ကျော်ဖြတ်ကြမယ်နော်.............
ငါကတော့နင့်ကိုမပြောင်းလဲတဲ့အချစ်တွေနဲ့ထာဝရချစ်နေမှာပါ....................

ပထမအဆင့်ကကိုယ့်စိတ်ကိုကိုယ်သိဖို့

လွတ်လပ်မှုဆိုတာ သူ့အလိုလို ရောက်လာတာမဟုတ်ဘူး။
                                          ကိုယ်က ရအောင် လုပ်ယူ၇တာ။
            လွတ်လပ်မှုဆိုတာ သူ့အလိုလို ရောက်လာတာမဟုတ်ဘူး။ ကိုယ်က ရအောင်လုပ်ယူရတာ။ ဒီအလုပ်ကလည်းကဲ တစ်ခါ လုပ်တာနဲ့ ပြီးသွားပြီလို့ ပြောလိုမရဘူး။ လွတ်လပ်မှု အဆင့်ဆင့် ၇ှိတယ် ၊ လွတ်လပ်မှု အမျိုးမျိုး ၇ှိတယ်။
          နေ့တိုင်းပဲ ကိုယ့်ကိုယ်ကို သတိပေးသင့်တယ် ၊"ဒီနေ့ တတ်နိုင် သလောက် လွတ်လပ်စိတ်နဲ့ နေမယ်။ လွတ်လပ်မှု ရှိအောင် အတတ်နိုင်ဆုံး
ကြိုးစားမယ်" ကိုယ်လုပ်တာကိုင်တာ ၊ မလွတ်လပ်တဲ့စိတ်နဲ့ လုပ်နေသလား ဆိုတာကို သတိထားပြီး ကြည့်ဖို့လိုတယ် ။
      အတွင်းလွတ်လပ်မှု ရဖို့ ၊ စိတ်လွတ်လပ်မှု ရဖို့ ၊ ပထမအဆင့်က ကိုယ့်စိတ်ကိုကိုယ် သိဖို့ ၊ ကိုယ့်ကိုယ်ကို တာဝန်ယူဖို့ ၊ကိုယ့်ဘ၀ကိုယ် တာဝန်ယူဖို့ပဲ ။


(ဆရာတော်ဦးဇောတိကေ၇းသားထားသော"ဘာကိုတန်ဖိုးထားရမလဲ"
စာအုပ်မှကောက်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်။)

များများရရင် များများပြန်ပေး(ဆရာတော်ဦးဇောတိကေ၇းသားထားသော"ဘာကိုတန်ဖိုးထားရမလဲ"စာအုပ်မှကောက်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်)

လူ့အသိုင်းအ၀ိုင်းထဲက ကောင်းကျိုးများများ ရချင်ရင်
                                 အဲ့ဒီလူ့အသိုင်းအ၀ိုင်းကို ကောင်းကောင်းပြုစုရတယ်။
   စိုက်ပျိုးေ၇းလုပ်တဲ့သူတွေဟာ အသီးအနှံကောင်းကောင်း များများရချင်ရင် မြေကြီးကို ကောင်းကောင်းပြုပြင်ရမယ်၊မြေသြဇာ ကောင်းကောင်း လုံလောက်အောင် ထည့်ပေးရမယ်လို့ နားလည်တယ်။ မြေကို မပြုပြင်ပဲ၊မြေသြဇာကောင်းကောင်းကို လုံလောက်အောင်မထည့်ပဲစိုက်ပျိုးရင် အသီးအနှံ ကောင်းကောင်းမရနိုင်ဘူး။ ကြာလေ ရတာနဲလေဖြစ်လာမယ်။ နောက်ဆုံးမှာ ဒီမြေဟာ စိုက်လို့မထူးတဲ့မြေဖြစ်သွားမယ်။
   လူ့အသိုင်းအ၀ိုင်းဟာလည်းဒီလိုပါပဲ။ လူ့အသိုင်းအ၀ိုင်းထဲက ကောင်းကျိုး များများရချင်ရင် အဲ့ဒီလူ့အသိုင်းအ၀ိုင်းကို ကောင်းအောင် ပြုစုရတယ်။ အရည်အသွေး မြင့်မားအောင်၊ စိတ်ထားတွေ မြင့်မားအောင်၊ပညာရေးမြင့်မားအောင် ပြုစုရတယ်။ အဲ့ဒီလိုမလုပ်ပဲနဲ့ ရသလောက် ထုတ်ယူနေ၇င် ရတာ ကြာလေ နဲလေ ဖြစ်သွားမယ်။
လူတိုင်းဟာ ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဆီက ရနေတာတွေ အများကြီးရှိပါတယ်။ တောနက်ကြီးထဲမှာ မွေးဖွားလာပြီးတော့ တစ်သက်လုံး တောထဲမှာဘဲ နေခဲ့ရမယ်ဆိုရင် အခုလောက် အသိဥာဏ် အဆင့်အတန်း၊ ပညာေ၇းအဆင့်အတန်း မြင့်တဲ့သူ ဖြစ်လာနိုင်မှာလား။အခုလောက်ဗဟုသုတကြွယ်တာ ဘယ်ကရတာလဲ။ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဆီရတာနော်။ပတ်ဝန်းကျင်ဆီကရတာတွေ အများကြီး၇ှိပါတယ်။ဒါကြောင့် လူတိုင်းပဲ ကိုယ်တက်နိုင်သလောက် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကိုပိုကောင်းလာအောင် ပြုစုဖို့ သင့်ပါတယ်။ ကိုယ်ကများများ ရရင်များများ ပြန်ပေးသင့်တယ်။ကိုယ့်ဘ၀ ဘယ်လောက်အောင်မြင်တယ် ဆိုတာကို ကိုယ် ဘယ်လောက်များများ ရတယ်ဆိုတာနဲ့ မတိုင်းတာပဲ ကို ဘယ်လောက်များများ ပြန်ပေးသလဲဆိုတာနဲ့ တိုင်းတာရင် ပိုကောင်းတယ် ။

အတုယောင်...........

ချစ်ခဲ့တာလား..........
မထင်ခဲ့မိပါဘူး လှည့်စားသွားတာပါ...........
အပေါစားအချစ်တဲ့လား..........
မာယာများတဲ့မင်း
တစ်ဆစ်ဆစ်နဲ့နာကြင်တယ်သိလား
လှည့်မကြည့်ချင်အောင်မုန်းတယ်.............
နင်ငါကိုချစ်ခဲ့တာကအတုအယောင်တွေပါ
ငါကတော့ပေးလိုက်၇တာ............
ငါပြန်၇တာ ဘာတွေလဲ......
ငါဆိုတဲ့လူတစ်ယောက်က နင့်အတွက်ကစားစ၇ာလာ
နင်သိဖို့ကနင့်အတွက်ငါမှာခံစားဖို့နေ၇ာတောင်မ၇ှိတော့ဘူး
လှည့်ကြည့်ဖို့နေနေသာ လမ်းမှာတွေ့တာတောင်.............
နင့်မျက်နှာကိုမုန်းလွန်းအားကြီးလို
ကြည့်တောင်မကြည့်ချင်ဘူး.............
ငါအတွေးထဲဝင်လာတောင်မောင်းထုတ်ပြစ်လိုက်မယ်..
အမုန်းတွေပေါ် အမုန်းတွေဆင့်ပြီး
နင့်ကိုငါအ၇မ်းမုန်းတယ်.......................

*****မေမေ*********............

မေမေ..

သားဘဝမှာ တန်ဖိုးအထားဆုံ အခွင့်အရေးဟာ မေမေ့ဘေးနားမှာနေပြီး မေမေ့ကို "မေမေ" လို့ မြတ်နိုးစွာနဲ့ ခေါ်လို့ရတဲ့ အခွင့်အရေးပါ။

မေမေ....

သားဘဝမှာ အပျော်ရွှင်ဆုံအချိန်ဟာ မေမေက သားမျက်နှာလေးကိုကြည့်ပြီး " သားသမီးတွေထဲမှာ အချစ်ဆုံးပဲ" လို့ ပြောတဲ့အချိန်ပါ။

မေမေ.....

သားဘဝမှာ အမြတ်နိုးဆုံးနဲ့ တန်ဖိုးအထားဆုံး သံယောဇဉ်အရှိဆုံး လူသားဟာလဲ မေမေပါပဲ.........လို့.......... ကျွန်တော် မေမေ့ကို မေမေလိုအပ်သမျှတွေ အစစအရာရာ ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစာချင်လို့....... မေမေကျွန်တော့်ကို ငယ်ငယ်ကပျော်အောင်ထားခဲ့သလို ကျွန်တော်လဲ မေမေ့ကို ဆစ်ခါပြန်ပြီးထားချင်လို့........ ကျွန်တော် ငယ်ငယ်က ကျွန်တော်လိုချင်တဲ့ ကစားစရာတွေ အဝတ်အစားတွေ မှန်သမျှ မရရအောင် ဝယ်ပေးခဲ့သလို အခုလည်းမေမေလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်လောက်အောင် အစွမ်းအစတွေရှချင်လို့

ကျွန်တော်သွားရပါတော့မယ် မေမေ...........

ရှိခိုးဦးချနေတဲ့ ကျွန်တော့်မျက်နှာကို သေသေခြာခြာကြည့်ပြီး ဆုတွေပေးလိုက်ပါဦး......... ပြောချင်ပေမယ့် စကားသံတွေမထွက်တော့ပါဘူး မေမေရယ်........ မေမေလိုတော့ မျက်ရည်မကြပေမယ့် ကျွန်တော့်လည်ချောင်းထဲမှာတော့ ဆို့နင့်နေပါပြီ..........

အဝေးဆုံခွဲခွာ ယူဆောင်သွားတော့မယ့် လေယျာဉ်ပျံကြီးပေါ်တက်ခဲ့ရပါပြီ.........

မငိုပါနဲ့တော့ မေမေရယ်......သား........ကျိန်းသေ မေမေ့ဆီပြန်လာခဲ့မှာပါ.......အဲဒီနေ့တွေကြရင်တော့...... .မေမေ့နားက နောက်တခါထပ်ပြီး ဘယ်တော့မှ ခွဲမသွားတော့ဘူးလို့ ကတိပေးပါတယ် လေယျာဉ်တံခါးပေါက်ရောက်တော့ မေမေရပ်နေတဲ့နေရားလေးကို လှည့်ကြည့်မိတယ်။

မေမေကျွန်တော့်ကို လက်ပြနေတုန်းပါဘဲ။ ကျွန်တော့်တွေးထဲမှာ တဝဲဝဲမြင်ရောင်နေတာ မေမေ့ရဲ့ လက်ဝါးလေးပါ။

မေမေဟာ........

ဒီလက်ဝါးလေးနဲ့ဘဲ......ထမင်းခွံ့ကျွေးဖူးပါတယ်............ရေမိုးချိုးရင်လဲ ဒီလက်ဖဝါးတွေနဲ့ဘဲ အညစ်အကြေးတွေကို ရှင်းပေးခဲပါတယ်........စာရေးတက်ခါစမှာလဲ ဒီလက်ဖဝါးလေးနဲ့ဘဲ ကျွန်တော့်လက်သေးသေးလေးကို ဆုပ်ကိုင်ရင်း လက်ရေးတွေကိုညီအောင် သင်ပေးခဲ့ပါတယ်..........မေမေ့ရင်ခွင်ထဲ ခေါင်းတိုးယှေပြီးချွဲတဲ့အခါလဲ ဒိလက်ဖဝါးလေးနဲ့ဘဲ ကျော်ပြင်ကိုပွတ်သတ်ပြီ ချော့ခဲ့တာပါ.......

ခု........ခွဲခွာရတော့မယ်ဆိုပြန်တော့လဲ ဒီလက်ဖဝါးလေးတွေနဲ့ဘဲ မျက်ရည်ကြားက လက်ပြနှုတ်ဆက်ပြန်ပါပြီ......

သားပြန်လာမှာပါ မေမေ ..........

အဲဒီနေ့တွေရောက်ဖို့ အဝေးတနေရာကနေ မေမေ ဆုတောင်နေသလို ...........သားလဲ တကယ့်ကိုဘဲ လွမ်းဆွတ်ကြေကွဲစွာနဲ့ဆုတောင်းနေပါတယ်....မေမေ.... အချိန်တန်တော့ အိမ်အပြန်လမ်းဟာ မေမေ့ရင်ခွင်မှတပါး အခြားမရှိပါဘူး မေမေ............ တစ်နေ့တော့ 'မေ..........မေ........." လို့ အကျယ်ကြီးခေါ်ပြီး ရင်ခွင်ထဲတိုးဝင်ဖို့ ပြန်လာခဲ့မှာပါ မေမေ.........။ အဲဒီအခါကြရင် ကျွန်တော့်ဘဝတလျှောက်လုံးကို အနန္တမေတ္တာတွေများစွာနဲ့ တယုတယထုဆစ်ခဲ့တဲ့ မေမေ့ရဲ့ လက်ခဝါးလေးတွေကို အရင်ဆုံး ဦးချကန်တော့ခွင့်ကြုံပါရစေ မေမေ............

မေမေ့ရဲ့ လက်ဖဝါးတွေကို ဦးခိုက်ပူဇော်လျှက် အဝေးတနေရာက ...............မေမေသား

(ဆရာတော်အရှင်က္ကုဒ္ဓိပါလ ၏ “ အမေများနေ့အမှတ်တရ ” စာအုပ်မှ ကိုးကားပါသည် ။

သွေးနဲ့ရေးသော အမေ့မျက်ရည် (သို့) အာဇာနည်မေမေ ( ၀တ္ထု တို ပထမ ဆုရ)

စစ်တက္ကသိုလ် စာပေဌာန(၂) ဘာသာစကားသင်တန်းအမှတ်စဉ်(_) ၏ မနက်ခင်းတခု ဖြစ်သည်...။ တန်းစီသစ္စာဆိုအပြီး ကန်တင်းဘက်ကိုဆင်းလာရင်း မနက်တိုင်းဖတ်နေကျ မြန်မာ့အလင်း သတင်းစာကို ဆွဲယူဖတ်လိုက်မိသည်.. ။ "ဟင်.." ။ အာမေဋိတ်သံတစ်ခု ထွက်သွားမိတဲ့အထိ ကျွန်တော်အံ့သြမှင်သက်သွား..။ အာခေါင်တွေလဲခြောက်လို့ ရင်ဘတ်တခုလုံး နာကျင်သွားစေသည့် သတင်းတခုပါ ။ "မဟုတ်ပါစေနဲ့လို့" အကြိမ်ကြိမ်ဆုတောင်းနေမိရင်း ဖုန်းဆိုင်ရှိရာဆီသို့ ခြေထောက်တို့က အပြေးအလွှား ဦးတည်၍သွားနေခဲ့သည်ကို ကိုယ့်ကိုယ်ကိုပင် လျှင် သတိမထားမိခဲ့ပါ ..။ ရင်တခုလုံးကို နာသွားအောင် အရာတခုခုဖြင့် ထုနှက်ထားသကဲ့သို့ပင်.. ။ အသက်ရှူတွေပင် သိပ်မ၀ချင်ပါ။ ဖုန်းဆိုင်ရောက်သည်နှင့် လင်းလင်းတို့အိမ်ဖုန်းကို အငမ်းမရနှိပ်လိုက်မိသည်။  ဖုန်းလာကိုင်သည့် ဗိုလ်ကြီး လင်းလင်းစိုး၏ မိခင်ဖြစ်သူ (အန်တီ)၏ အသံမှာ ထင်မှတ်ထားသကဲ့သို့မဟုတ်ဘဲ တည်ငြိမ်အေးစက်၍ နေသည်.။ "အန်တီ.. သားပါ မောင်.... ပါအန်တီ.." လို့ပြောလိုက်တော့ အန်တီက "အေးသားလေး ..ပြောလေ" ဆိုပြီး ဖြေလိုက်သည့်အသံမှာ တခုခုကိုမေးတော့မည် ဆိုသည်ကို ကြိုတင်သိနေသော အငွေ့အသက်တွေ ပါဝင်နေခဲ့သည်။ "မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့" လို့ အကြိမ်ကြိမ် တီးတိုးဆုတောင်းရင်း အရဲစွန့်မေးလိုက်သည်။ "သတင်းစာထဲမှာပါလာတဲ့ ဗိုလ်ကြီးလင်းလင်းစိုး ရုတ်တရက် ကွယ်လွန်ခြင်းသတင်း က"  လို့ ကျွန်တော်က မေးလိုက်သည့် မေးခွန်းလေး မဆုံးခင်မှာပင် အန်တီကတန်း၍ ဖြေရှာပါသည် "ဟုတ်တယ်သားလေး မင်းသူငယ်ချင်း လင်းလင်း တိုက်ပွဲကျသွားပြီသားရယ် ဆွဲမိုင်းထိတယ်လို့ ခမရ ၃၆၉ တပ်က အကြောင်းကြားလာတယ်.. အလောင်းတော့ ပြန်မရပါဘူးသား အရိုးအိုးပဲ ရလိုက်ပါတယ်" လို့ ပြောအပြီး အန်တီ့ရဲ့စကားသံတွေက သိမ်ဝင်သွားခဲ့သည်။  အန်တီတယောက် တဦးတည်းသော သားအတွက် မည်မျှနာကျင်အောင့်သက်နေမည်မှန်း ကျွန်တော် နားလည်ခံစားပေး၍ရပါသည်။ ခင်ပွန်းသည် ယောက်ျားမရှိတော့သည့်နောက်ပိုင်း  သားတယောက်တည်းနှင့် နှစ်ပေါင်းများစွာ ဘ၀ကို အထီးကျန်စွာ အားတင်း ဖြတ်သန်းကျော်လွှားခဲ့ရသည့် အိမ်ထောင်ရှင်မိန်းမတယောက်၏ သတ္တိကို ကျွန်တော် မလေးစာဘဲ မနေနိုင်ပါ။ "မျှော်လင့်ချက်က မေမေ့သား၊ မေမေ့သားက မျှော်လင့်ချက်ပါ" လို့ ဖုန်းဆက်တိုင်း သူငယ်ချင်းလင်းလင်း ကို ဆုံးမတတ်သည့် အန်တီ့ရဲ့မေတ္တာစကားသံများသည် သားအရင်းမဟုတ်သည့် ကျွန်တော့်ရဲ့ရင်ထဲအထိ နွေးထွေးစေခဲ့ဖူးသည်။ "သား" လို့ ဖုန်းထဲကခေါ်လိုက်သော ဒေါ်ဘရဏီလင်း ၏ တည်ငြိမ်အေးချမ်းနေသော အသံသည် ကျွန်တော့်ရဲ့ မတည်ငြိမ်မှုတွေကို အတန်ငယ် ထိန်းကွပ်ပေးခဲ့သည်။ ကျွန်တော့်ရဲ့တွေးလက်စ အတွေးတွေ ရုတ်တရက်ရပ်သွားပြီး "ဟုတ်ကဲ့ပါ အန်တီ" လို့ ထူးလိုက်မိသည်။ ထိုအချိန်တွင် ဖြေစရာစကားထို့ထက်ပိုမရှိသလို ပြောစရာစကားတွေကလဲ ဆွံ့အတိတ်ဆိတ်၍ နေပါသည်..။ "သားသူငယ်ချင်း အစ်ကိုအတွက် စိတ်မကောင်းဖြစ်နေတာ အန်တီနားလည်ပါတယ် ဒီအပတ်အိမ်မှာရက်လည်လုပ်မယ် သားလာနိုင်မယ်ဆိုရင်တော့ အန်တီ သားကို စကားတွေ ပြောချင်သေးတယ်" လို့ ရှိုက်သံအနည်းငယ်သာ စွတ်ဖက်ထားသော အသံတိုးလေးနှင့် အန်တီကပြောခဲ့သောအခါ တိုင်းပြည်အာဇာနည် သူငယ်ချင်းလင်းလင်း၏ ကျဆုံးမှု ရက်လည်ကို ချီးကျူးဂုဏ်ပြုအလေးပြုနိုင်ဖို့ ရုံးပိတ်ရက်တွင် အရောက်သွားနိုင်ရန် ကြိုးစားခဲ့ပါသည်။ အိမ်ကိုရောက်သောအခါတွင်လည်း ထင်ရက်စရာမရှိနိုင်အောင် တည်ငြိမ်နေသည့် သားကိုသိပ်ချစ်သော၊ သားအတွက်ဆို အမြဲအဆင်သင့်ရှိသော အန်တီ၏ သားတစ်ယောက်လုံး ဆုံးရှုံးသွားမှုအပေါ် အဆမတန် တည်ငြိမ်နေမှုကို မေးခွန်းထုတ်ဖို့လဲ အကြိမ်ကြိမ် စဉ်းစားနေမိပါတော့သည်..။
လွန်ခဲ့သည့် (၉) နှစ်ခန့်ကာလတခု၌ အရှေ့တောင်အာရှ၏ တခုတည်းသော စစ်ကျောင်းကြီးလည်းဖြစ် အများမှ (D.S.A) ဟုအလွယ်ခေါ်ဝေါ်သမုတ်ကြသည့် ( Defence Services Academy) (စစ်တက္ကသိုလ်)၏ မနက်ခင်းတခုမှာဖြစ်ပါသည်။ " ဘယ်ညာ ဘယ်ညာ ဘယ်ညာ ဘယ်" " ဆောင်ပုဒ်ဆို" ကျားထိုးသံတွေဆူညံစွာနှင့်  ပန်းလှေကားမြို့တော် ပြင်ဦးလွင်၏ အအေးဒဏ်များအား အန်တုလို့ မနက်ခင်းအလှကို ချွေးများစွာဖြင့် အလှဆင်နေသော "နောင်တခေတ်၏အောင်စစ်သည်" ဗိုလ်လောင်းများ၏ မနက်ကိုယ်လက်ကြံ့ခိုင်ရေး သင်ခန်းစာ စတင်အသက်ဝင်နေခဲ့ပြီ ဖြစ်သည်။ ထိုကာလများသည် အမှတ်စဉ်တခုတည်းတွင် PTအတူတူပြေး၊ စီနီယာ၏အပြစ်ပေးမှုကို အတူတူပခုံးဖက်ခုန်၊ ပခုံးဖက်ဂျွမ်းထိုးရင်း ဘ၀တူဖြတ်သန်းခဲ့ကြသည့် အချိန်များပင် ဖြစ်သည် ။ ဆယ်ကျော်သက်ဘ၀များ ဖြစ်သောကြောင့် ပင်ပန်းမှု ဒဏ်ခံနိုင်သူ၊ ခံယူချက်ပြင်းထန်သူများမှ အရာရှိဆိုသည့် ပန်းတိုင်ကိုအရောက်လှမ်းဆွတ်ခူး နိုင်မှာဖြစ်ပြီး စိတ်ဓါတ်ပျော့ညံ့သူ၊ ကျန်းမာရေးချို့ယွင်းသူများမှာမူ ပန်းတိုင်မရောက်ခင်ပင် နောက်လှည့်အိမ်ပြန် ကြရမည်သာ ဖြစ်ပါသည်။ ကျွန်တော်ကလဲ ကာယအရာမှာ ထိပ်တန်းပြေးသူ တစ်ယောက် မဟုတ်လေတော့ ဗိုလ်လောင်းဘ၀ လက်ရုံးရည်လေ့ကျင့်မှုများ၏ ပြင်းထန်မှုကို ခိုင်မာသည့် စိတ်ဓါတ်အားနှင့် နှလုံးရည်အား တို့ဖြင့် ခက်ခဲစွာ ဖြတ်သန်းခဲ့ရဖူးပါသည်။ ထိုသို့ ဖြတ်သန်းစဉ် အားပေးလက်တွဲ ခေါ်ယူခဲ့သည့် လင်းလင်းဆိုသည့် သူငယ်ချင်းအစ်ကို တယောက်၏ အခန်းကဏ္ဍသည် ကျွန်တော့်ဘ၀ အရာရှိတယောက်အဖြစ် ဖြစ်တည်ရေးတွင် အရေးပါခဲ့သော တကယ့်အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ သူငယ်ချင်းလဲဖြစ် အစ်ကိုတယောက်လိုလဲ တကယ်ချစ်ရသည့် လင်းလင်းသည် ကျွန်တော့်ထက်အသက်အနည်းငယ်ပင် ပိုကြီးသေးသည်။ PTပြေးချိန် သူများထက်နောက်မကျစေရန် ခြေထောက်နှင့်မပြေးဘဲ စိတ်ဓါတ်နှင့််ပြေးသင့်ပုံ၊ အပြစ်ပေးခံရချိန် စိတ်အားငယ်လာလျှင် အရှုံးမပေးတတ်သော သတ္တိနှင့်ခံယူသင့်ပုံ၊ တယောက်စာနေထိုင်ချိန် ခုတင်နှင့်ကစ်အခင်းအကျင်းများကို စည်းကမ်းစိတ်ဓါတ်နှင့် ထားရှိသင့်ပုံ များအား လက်တွဲခေါ်ယူသင်ကြားပေးတတ်သေးသည်။ အမှတ်စဉ်တခုတည်း ဖြစ်သော်လည်း သူ၏တည်ငြိမ်ရင့်ကျက်မှုနှင့် ဘ၀အခင်းအကျင်းသည် စိတ်ဝင်စားစရာ အင်မတန်ကောင်းလှပါသည်။ ထိုအရာများကို ဆယ်ကျော်သက်ဘ၀၌ပင် ပိုင်ဆိုင်ထားသည့် လင်းလင်းဆိုသည့် ဗိုလ်လောင်းတယောက်အား ပံ့ပိုးပေးသည့်အရာကို ကျွန်တော်အလေးအနက်ထား စိတ်ဝင်စားလို့ နေမိသည်မှာ အထူးအဆန်းတော့မဟုတ်ပါချေ။ တကယ်တော့ ဖတဆိုးသားတယောက်ဖြစ်သည့် လင်းလင်း၏ခံယူချက်၊ လင်းလင်း၏စိတ်ဓါတ်နှင့် လင်းလင်း၏ စည်းကမ်းတို့သည် ဒေါ်ဘရဏီလင်း ဆိုသည့် လင်းလင်း၏မိခင် အန်တီ၏ ခံယူချက်၊ စိတ်ဓါတ်နှင့် စည်းကမ်းများ ဖြစ်သည်ကို နောက်များမှ သိခဲ့ရတာဖြစ်ပါသည်..။ "သားကို မေမေသိပ်ယုံတယ်၊ မေမေ့ကိုသားသိပ်ချစ်မှန်း မေမေသိလို့ သားဖြစ်ချင်တာဆို မေမေက တားမြစ်ထားတာမျိုး ဘယ်တော့မှမလုပ်ခဲ့ဘူး ဘယ်တော့မှလဲ လုပ်မှာမဟုတ်ဘူး မေမေက သားရဲ့ မိခင်တစ်ယောက်လဲ ဖြစ်သလို သားရင်ထဲက တီးတိုးခံစားချက်အပါအ၀င် ခံစားချက်မျိုးစုံကို ဖွင့်ဟတိုင်ပင်လို့ရအောင် နားလည်ပေးနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတယောက်လဲ ဖြစ်တယ်ဆိုတာ သားမမေ့နဲ့နော်" ဟု လင်းလင်းတယောက် အန်တီ့ထံ ဖုန်းဆက်ချိန်တိုင်း အားပေးစကားများကို အန်တီကထိုကဲ့သို့ ပြောတတ်ပါသေးသည်။ လင်းလင်း၌ အားလုံးထက်သာသည့် တချက်မှာ ဘယ်အရာကိုပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြင်းပြင်းထန်ထန်နှင့် ကိုယ်ကျိုးစွန့် လုပ်ကိုင်တတ်သော ၀ံသာနုစိတ်ဓါတ်လေးဖြစ်သည် ။ ဒီလိုတွေဖြစ်လာစေရန် သူ့အမေမှ ဘယ်လိုဘယ်ပုံ သင်ကြားပေးခဲ့ ဆုံးမပေးခဲ့သည်များကို ကျွန်တော့်အား အမြဲပြောပြပေးခြင်းဖြင့် ကျွန်တော်၏ စိတ်ဓါတ်များ သူ့ကဲ့သို့ ရဲရင့်မာကျော၊ ပြတ်သားတိကျ၊ ဇောက်ချဇွဲရှိ  ဖြစ်လာစေရန် လမ်းပြပေးခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပါချေ။ သားကိုမေတ္တာနှင့်အုပ်ချုပ်တတ်ပြီး တယောက်တည်းရှိသော သားတယောက်ကို အရာရှိကောင်းတယောက် အသက်စွန့်အာဇာနည်ကောင်း တယောက် ဖြစ်လာစေရန် မွမ်းမံပြုစုပေးခဲ့သည့် အန်တီဒေါ်ဘရဏီလင်းကဲ့သို့သော မိခင်တယောက်ကို ကိုယ့်မိခင်အရင်း တစ်ယောက် မဟုတ်သည့်တိုင်  ဒုတိယမေမေဟု အမည်တပ်ခေါ်ဝေါ်ချင်မိခဲ့သည်။
၂၀၀_ ခုနှစ် ဗိုလ်လောင်းကျောင်းဆင်းပွဲပြီးချိန် တာဝန်ကျရာတပ်အသီးသီးသို့ ပြောင်းရွှေ့သွားခဲ့ချိန်မှ စကာ အဆက်အသွယ် ပြတ်သွားခဲ့သည့် ကျွန်တော်တို့ သူငယ်ချင်းညီအစ်ကို(၂) ယောက်သည် သတင်းစာထဲတွင် လင်းလင်း၏ တိုက်ပွဲကျဆုံးသတင်း ပါလာမှ ပြန်တွေ့ရမည့်အဖြစ်မှာ အင်မတန်နာကျင်အောင့်သက်စရာ ကောင်းလှသည်။ တိုင်းပြည်အတွက်လည်း အာဇာနည်တယောက် နစ်နာဆုံးရှုံး ရသကဲ့သို့ ကျွန်တော်တို့သူငယ်ချင်း တွေအတွက်မှာမူ လက်တဖက်(သို့) အားတခုဖြတ်တောက်ခံလိုက်ရသည်နှင့် ဆင်တူလှပါသည် ။ ဒါဆိုအန်တီ့အတွက်ဆိုလျှင် ရော ။ အန်တီတယောက် ဒီအချိန်ဆိုလျှင် အားအင်တွေချိနဲ့လို့ ရွှေတောင်ကြီးပြိုလဲသလို ချုန်းချုန်းကျ ငိုကြွေး ကျဆုံးနေလောက်ပြီ ထင်ပါ၏။ သားတယောက်တည်းနှင့် ဘ၀တခုလုံး ကို အမေတခု သားတခု ရှင်သန်ခဲ့ရရှာသော ထိုမိခင်သည် အရူးတပိုင်း ဖြစ်အောင် ပူလောင်နေလောက်တော့မည် ။ တည်ငြိမ်မှုတွေလျော့လို့  အန်တီတယောက် ခံနိုင်ရည်ရှိပမလားရယ်လို့ တွေးထားသော ကျွန်နော်၏အတွေးများစွာ ကို အန်တီက တကယ့်ခံယူချက်ကောင်းသော  တည်ငြိမ်မှု စစ်စစ်များဖြင့် အနှစ်သာရရှိရှိ သက်သေပြခဲ့ပါသည် ။ အန်တီ့အိမ်ကိုရောက်သွားသောအခါ အန်တီက ကျွန်တော့်အား လှိုက်လှဲစွာနှုတ်ဆက်ရင်း၊ ကျွန်တော့်လက်မောင်းကို တင်းတင်း ဆုတ်ကိုင်ထားရင်း ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည် ။ ကျွန်တော့်ကို မြင်မြင်ချင်း အန်တီ့ မျက်နှာအမူအရာ အနည်းငယ် မှေးမှိန်ပြောင်းလဲ သွားသည်မှ လွဲလျှင် မျက်ရည်များ စီးကျလာခြင်းမျိုးနှင့် အားငယ်မှု တစုံတရာဖြစ်ခြင်းမျိုးကို အန်တီမှ  မပြသခဲ့ပါ ။ လင်းလင်း၏ ယူနီဖောင်းအပြည့်ဖြင့် ရိုက်ထားသည့် ဓါတ်ပုံရှေ့တွင် အမွှေးတိုင်တချို့က နေရာယူထားသည် ။ လင်းလင်းဓါတ်ပုံကို တချက်လှည့်ကြည့်ရင်း အန်တီမှ ပြုံးလိုက်သေးသည်။ ပြီးမှ သားအမိအရင်းတွေလို တယောက်လက်တယောက်ကိုင် နွေးထွေးမှု အပြန်အလှန်ပေးကြရင်း နှင့်ပင် ကျွန်တော်က စကားစလိုက်မိသည်။ "သားခုချိန်မှာ ယူကျုံးမရအဖြစ်ရဆုံးက လင်းလင်းကို နောက်ဆုံးချိန်လေးတောင် မမြင်လိုက်ရတာပဲ အန်တီရယ်။ သားတို့သူငယ်ချင်းတွေ သေကွဲကွဲတာတောင် မမြင်လိုက်ရပါလားဗျာ။ ပြီးတော့ တည်ငြိမ်အေးချမ်းနေတဲ့ အန်တီ့ကို သားနားမလည်နိုင်သေးဘူး ." လို့ပြောရင်းစီးကျလာတဲ့ မျက်ရည်တွေကို အန်တီမှ ပြုံးပြသုတ်ပေးရင်း ပြောပြခဲ့သည့်စကားများသည် ခုချိန်ထိရင်ထဲမှာ စွဲကျန်နေခဲ့တော့တာဖြစ်သည် ။ "သားရဲ့ ၂၁ နှစ်ဆိုတဲ့ အရွယ်ကာလက လောကကြီးနဲ့ ယှဉ်ရင်ငယ်ပါသေးတယ် အန်တီတို့က ဘ၀အတွေ့အကြုံတွေ များပါပြီ မင်းအစ်ကို လင်းလင်းကို စစ်တက္ကသိုလ် စတက်ပြီဆိုကတည်းက အန်တီကတိုင်းပြည်ကို လှူလိုက်တာပါ ကိုယ့်အသွေးအသားဖြစ်တဲ့ သားတယောက်ကို လှူဒါန်းလိုက်ရတာ သိပ်မြင့်မြတ်တဲ့ မိန်းမတွေကမှ လုပ်နိုင်တယ်လို့ အန်တီကခံယူထားတယ် သားလေးကလဲ သာမန်လူတွေ မလုပ်နိုင်တဲ့ တိုင်းပြည်ဝန်ထမ်းထဲကမှ စစ်ဗိုလ်ဆိုတဲ့ လမ်းကိုရွေးခဲ့တာမို့ သူ့စိတ်ဓါတ်အတွက်လဲ အန်တီက ကျေနပ်ပါတယ်သားရယ် ခုချိန်မှာ ယူကျုံးမရကြေကွဲရတာကို အန်တီမငြင်းပေမယ့် ကျေနပ်စွာ ၀မ်းနည်းပါတယ် သားတယောက်ကို လှူဒါန်းလိုက်တယ်ဆိုတာ ပေးဆပ်လိုက်တာပါ ပေးဆပ်လိုက်တာက မြင့်မြတ်ခြင်းပါ မြင့်မြတ်ခြင်း အတွက် ကျေနပ်ခြင်းပဲ ရှိရမယ် ၀မ်းနည်းခြင်း မဖြစ်ရဘူး ဖြစ်စရာလဲ မလိုဘူး သူကလဲအကောင်းဆုံး လုပ်ခဲ့သလို အန်တီကလဲ အကောင်းဆုံး ပြင်ဆင်နေခဲ့တာပါ သားလင်းလင်းရဲ့ ရုပ်ခန္ဓာကဒီလောကမှာမရှိတော့တာပါ အန်တီ့ရင်ထဲမှာ မရှိတော့တာ မဟုတ်ဘူး တိုင်းပြည်တပြည်လုံးအတွက် သားလေးက တကယ်အသက်ပေးခဲ့ရှာတာ သားလေးပေးခဲ့တဲ့ အသက်တချောင်းအတွက် အသက်တွေအများကြီး ဆက်လက်ရှင်သန်နေကြတယ် မြန်မာပြည်မှာရှိတဲ့ ပြည်သူထုကြီး တရပ်လုံးရဲ့ အသက်တွေက အန်တီ့သားလေးရဲ့ အသက်လေးတွေပဲလို့ တွေးရင်း စိတ်အားဖြည့်ရင်း အန်တီကျေနပ်နေတာပါ အန်တီ့ရဲ့အသွေးအသားဖြစ်တဲ့ သားတစ်ယောက်ရဲ့ အာဇာနည်လုပ်ရပ်အတွက် အာဇာနည်အမေဖြစ်ရခြင်းအပေါ် အန်တီက သိပ်ကျေနပ်တာပါ သား" လို့ပြောရင်း တည်ငြိမ်စွာ စီးကျနေသည့်  အန်တီ၏ နှလုံးသား မျက်ရည်များအား  ကျွန်တော်သုတ်ပေးရန် ထိုအချိန်တွေက အားမရှိခဲ့ပါ။ အိမ်အပြန်လမ်းတလျှောက်နှင့် ဘ၀လမ်းကြောင်းတလျှောက် အန်တီ၏ ခံယူချက်စကားသံများသည် သူငယ်ချင်းမိတ်ဆွေ တစ်ယောက် ဆုံးရှုံးရမှုအပေါ် အမြဲအားပေးနေခဲ့သလိုပင် ခံနိုင်ရည်ရှိစေခဲ့ပါတော့သည် ..။
ထိုလွန်ခဲ့သော ၆ နှစ်ခန့်လောက်က အန်တီဒေါ်ဘရဏီလင်း၏ ခံယူချက်စကားလုံးများသည် ယခုချိန်ထိ ကျွန်တော့်နှလုံးသားထဲ စွဲလို့နေသေးသည် ။ စစ်သက်ကြာလာသည်နှင့်အမျှ အသက်ပေးကာကွယ်ခဲ့ကြသည့် အာဇာနည်သူငယ်ချင်းတွေလည်း များပြား၍ လာနေခဲ့ကြသည် ..။ အန်တီကဲ့သို့ အာဇာနည်မိခင်များ မြန်မာပြည်တွင် ဘယ်လောက် များလိုက်ကြမလည်း ကျခဲ့ကြသော မျက်ရည်များ  ဘယ်လောက်များလိုက်ကြမလည်း  နှလုံးသားတွေလည်း ဘယ်လောက်များ လိုက်ကြမလည်း  ဆိုသည်မှာ ကျွန်တော်တို့  ရေတွက်လို့ပင် ရနိုင်ပါမည်လော။  "မင်းမရှိတော့ပေမယ့် မင်းရဲ့ အာဇာနည်စိတ်ဓါတ်တွေ အာဇာနည်အငွေ့အသက်တွေ ကျန်နေသေးတယ် သူငယ်ချင်း ပြည်သူထုရဲ့ အသက်တွေက မင်းပေးဆပ်ခြင်းကနေ ရခဲ့တဲ့ ရလဒ်တွေပါ မင်းရဲ့သေဆုံးခြင်းက ပျောက်ကွယ်သွားခြင်းမဟုတ်ဘူး တည်ရှိနေခြင်းပါ မြင့်မြတ်ခြင်းပါ မင်းမှာ မင်းအတွက် ဂုဏ်ယူရင်း ဆက်လက်ရှင်သန်နေတဲ့ အာဇာနည်မေမေတယောက်ရှိတယ် အဲဒီအာဇာနည်မေမေမှာလဲ မင်းလိုပေးဆပ်ရဲလွန်းတဲ့ ၀ံသာနုသားတယောက်ရှိတယ် မင်းတို့သားအမိနှစ်ယောက်ရဲ့ အာဇာနည်စိတ်ဓါတ်ကို လေးစားစွာ အလေးပြုလိုက်ပါတယ်" လို့ လင်းလင်းနဲ့ အာဇာနည်မေမေ အန်တီဒေါ်ဘရဏီလင်း ကို ကျွန်တော် ပြောပြချင်မိသည် ..။ ထိုကဲ့သို့ တိုင်းပြည်အတွက် စတေး သွားသည့် တပ်မတော်သား အားလုံးတို့နှင့် ထိုသူတို့၏ မိခင်များမှ  တိုင်းပြည်အပေါ်ပေးဆပ်မှုကို မည်သူကမှ သတိထားမကြည့်လျှင် သိနိုင်မည်မထင် ။ ဒီမျက်ရည်တွေ မည်သူမှ သုတ်ပေးနိုင်မည် မထင်။ ဒီခံစားချက် မည်သူမှနားလည်ပေးနိုင်မည် မထင်။ ဒီသားတွေအတွက် ဒီမေမေတို့၏ ရင်တွင်း နာကျင်မှုများစွာကို နှိမ်သိမ့်ပေးနိုင်မည် မထင်။ မျက်ရည်တွေ နှလုံးသားတွေ ခံယူချက်စိတ်ဓါတ်တွေ ရင်းနှီးပြီးသော်လည်း  ဘယ်အရာတစိုးတစဉ်းသော်မျှ ပြန်လည်ရယူခြင်း အလျဉ်းမရှိတဲ့ တိုင်းပြည်၏ အာဇာနည်မေမေများစွာအတွက်  "အာဇာနည်မိခင်"  ဆိုသည့်ဆုတခုကို ပေးလို့ရမည်ဆိုလျှင် ပေးစေချင်မိကြောင်း မချင့်မရဲပြောမိရင်း လွန်ခဲ့သော နှစ်အတန်ကြာက မြန်မာ့ တပ်မတော်အရာရှိ တစ်ဦး၏  အာဇာနည်မိခင်မေမေ တယောက်အကြောင်း တကယ့်ဖြစ်ရပ်မှန်ကို လူအများအား သိစေချင်သော စေတနာ ကို ရှေ့ထား ရေးသား မိရပါတော့သည် ..............။

                                                                                                  ( ကောင်းကင်)
ဒီဝတ္ထုတိုကို တိုတိုလေးရေးထားရပေမယ့် တကယ်တမ်းရေးမယ်ဆို အနည်းငယ် ပိုရှည်မှာဖြစ်ပါတယ် .. ဒီမှာရေးထားတဲ့ စကားလုံး တလုံချင်း စာလုံးတလုံးချင်းဟာ သားကို ချစ်တဲ့အမေတယောက်ရဲ့ ဘ၀ရပ်တည်မှု ၊ စစ်သားတယောက် ရဲ့ ဘ၀တာတိုတိုမှာ အမေဟာ ရင်နာကျန်ရစ်ရတဲ့ ခံစားချက်တင်ပြမှု  အချို့အပါအ၀င် ကျဆုံးသွားတဲ့ နိုင်ငံ့စစ်သည်တယောက်ကို သားအဖြစ်တော်ထားရတဲ့  ကလကာနောက်ကွယ်က  အမေတယောက်ရဲ့ နှလုံးသားဒဏ်ရာ တွေအတွက် စိတ်အားဖြည့်ရေးသားထားရခြင်းဖြစ်ပါတယ် .. စစ်သားမေမေများ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ ... ။ မိခင်တိုင်းရဲ့ မေတ္တာစိတ်နှင့် နှလုံးသားနို့ရည် တစက်ကို ဒီစုတ်တံတချက်ဖြင့် ကျေးဇူးဆပ်လိုက်ရပါသည် ..။
 From : Facebook(ကောင်းကင်ေ၇းသားထားသောစာစုမှ ကောက်နုတ်တင်ပြပေးထားခြင်းဖြစ်ပါတယ်)

Sunday, April 22, 2012

**********ဖူးမျှော်စေချင်*************...........

မန်မာတို့ရဲ့ ကျက်သေ၇၇ှိလှသော နှစ်ဆန်းတစ်၇က်နေ့မှာ မအူပင်မြို့ ဧ။် ထင်၇ှားသော စေတီများအနက် သွားရောက်ခဲ့သောစေတီတစ်ဆူကို မေ၇ာက်ဘူးသေးသော သူငယ်ချင်းများ ဖူးမျှော်နိုင်၇န်အတွက်ပြန်လည်တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်းလေးပါ..။

XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်ထင်လို့ ဒီပိုစ့်လေးကို တင်လိုက်တာပါ.........။ တော်တော်များများတော့သိပြီနေလောက်ပါပြီ။
မသိသေးတော့သူငယ်ချင်းတွေအတွက်ပါ...အဆင်ပြေမယ်လိုထင်ပါတယ်။
အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….။
ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။
ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ...။
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။
ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok ပေးလိုက်ပါ ..။
ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ...။
နောက်တစ်ခု Shutdown မြန်အောင်လုပ်နည်းကို ဆွေးနွေးပါမယ်.. ။
အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး
အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ...။
HKEY_CURRENT_USER>> Control Panel >> Desktop ထိရောက်အောင်သွားပါ..
ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်
HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..။
အရမ်းကြီးမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ ။
နှစ်ခုလုံး လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါ…။
တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..။

*************အဖေမေတ္တာဘာနဲ့မှနှိုင်းလိုမရ**********...................

အ၇ာအားလုံးဟာ မတည်မြဲဘူးဆိုတာ သမီးလက်ခံလိုက်ပါပြီ။လူဘ၀ထဲေ၇ာက်အောင်ပိုပေးခဲ့တဲ့ အဖေနဲ့အမေရဲ့ မေတ္တာ ကဘာနဲ့မှနှိုင်းဆလို့ မ၇ဘူးဆိုတာ သမီးနားလည်ပါတယ်။၇ုတ်တရက် သမီးကိုထားပြီးအဖေ ဟိုးအဝေးကြီးကို ထွက်သွားပြီးတဲ့ နောက်ပိုင်း သမီးပိုနာကြဉ်ခံစားကတယ် ။ ငယ်ငယ်လေးထဲက တောင်းတခဲ့မိတဲ့ အဖေ ရဲ့မေတ္တာတွေ ကိုပါ။သမီးငတ်မွတ်စွာနဲ့ မျှော်လင့်ခဲပါတယ်။ သူများတွေနဲ့နေကတဲ့ခံစား ချက်ကလေ သမီး၇င်ထဲမှာ အရမ်းအားငယ်တာဘဲ ။ဒါပေမယ့် သမီးအားမငယ်ခဲ့ပါဘူး အဖေရယ် သမီးတို့ဘ၀အတွက် အဖေကြိုးစား ၇ုန်းကန်နေတဲ့ အချိန်မှာ သမီးလေ အဖေအပေါ်မှာ ညိုညင်တာ တစ်ခုမှမ၇ှိခဲ့ပါဘူး။ သမီးတို့ဘ၀အတွက် အဖေ ကြိုးစားနေတဲ့အချိန် မှာ အဖေဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ ၊ သူများတွေနဲ့တန်းတူထားပေချင်တဲ့ အဖေ ရဲ့ စိတ်ဆန္ဒ ၊ အမျိုးတွေ ရဲ့ အပြောအဆိုကို ခံပြီး ဘ၀အတွက် ခိုင်မာတဲ့ အုတ်မြစ်ကြီးကို အဖေ ချပေးခဲ့တယ်လေ။ ယနေ့တိုင်ပါဘဲ အဖေရယ် သမီးလေ လွမ်းလို့ကျတဲ့မျက်ရည်တွေ က ယနေ့တိုင်ပါဘဲ။ အဖေဘယ်ဘ၀ဘဲေ၇ာက်နေပါစေ သမီးရင်ထဲ မှာ အဖေ၇ှိနေဆဲ့ပါ။ ပြန်မဆုံနိုင်တော့မှန်းသိပေမယ့်လဲ အဖေကိုတမ်းတရေ၇ွတ်မိနေတယ်။ဘ၀ဆိုတဲ့ ကျောင်းကြီးကို ကိုယ်ကိုတိုင် လျှောက်မှ ဘယ်လောက်ခက်ခဲ ပင်ပန်းတယ်ဆိုတာ သမီးနားလည်ပါပြီ။ ခုချိန်မှာ သမီးလေ လက်တက်ဖက်ကြီးပြုတ် နေသလိုခံစားကတယ်။သမီးရဲ့ အနာဂတ်ကောဘဲပေါ့ ။ သမီးအားငယ်တယ် အဖေရယ် တစ်ခြားမိသားစုတွေ ပျော်ပျော်ရွှင်ရွှင် သွားလာလှုပ်၇ှားတာကို မြင်၇င် သမီးလေအရမ်းခံစားကတယ်။ ဒါပေမယ့် သမီးကိုသမီးပြန်အားပေးပြီး ပျော်ရွှင်မှု့ကို ၇ှာနေကတယ်။ ဘာလို့လဲဟင် သမီတို့ကံကြမ္မာကဘဲ မကောင်းလို့လား၊ အတိတ်က သူများတွေကိုဘာများလုပ်မိခဲ့လိုလဲ ဟင် သမီးလေတစ်ခါတစ်ခါ ကိုယ့်ကို ကိုယ်လဲအပြစ်တင်မိတယ်။ ခုချိန်မှာတော့ သမီး မောင်လေးအတွက်ကို အကောင်းဆုံးကြိုးစားနေတယ်။ သမီးတို့ငယ်ငယ်တုန်းကလို သူကိုမဖြစ်စေချင်ဘူးလေ ဘ၀ဆိုတာကြီးကို သူနားမလည်သေးဘူးလေ အဲ့ဒီအတွက် သမီးကလမ်းမှန်ေ၇ှာက်ပေးမှ သူလဲလမ်းမှန်မှန်ေ၇ာက်မှာလေ။ ခုလဲဘ၀ဆိုတဲ့ ကျောင်းကြီးကို သူဘာသာ ၇ုန်း၇င်းနဲ့ဆက်လျှောက်နေရပြီလေ။ တစ်ခါတစ်လေမှာ အဖေကိုတမ်းတလွမ်းဆွတ်မိတဲ့ အခါတိုင်းမှာ သမီးငိုနေမိတယ် ။ အဖေသာရှိ၇င် သမီးဒီလောက်အားငယ်ကမှာမဟုတ်ဘူးဆိုပြီးလေ။ပြန်မရနိုင်တော့တဲ့ အဖေရဲ့ မေတ္တာတွေနဲ့ အဖေရဲ့ ကျေးဇူးတွေကို သမီး၇င်ဝယ်ပိုက်ပြီး ဘ၀ဆိုတဲ့ကျောင်းကြီးကို သမီးတစ်ယောက်ထဲ အားမလျှော့ဘဲဆက်လျှောက်ကတော့မယ်။အဖေလဲ ကောင်း၇ာဘုံဘ၀ မှာ ပျော်ရွှင်၊ ခံစားကပါစေလို့ သမီးနေ့တိုင်းဆုတောင်း မေတ္တာပို့ပေးနေပါတယ်။ နှစ်တွေ၊လတွေ ၊ဘယ်လောက်ဘဲ ပြောင်းပြောင်း သမီး၇င်ထဲမှာမပြောင်းလဲဘဲ၇ှိနေမှာက အဖေရဲ့ မေတ္တာဆိုတဲ့ ကျေးဇူးကြီးပါ။

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခုပါ။

Loikaw Virus သည် USB Drive များမှ အဓိကကူးပြီး ကွန်ပျူတာကို အသုံးပြုနေစဉ် အချိန်အတွင်း

Message Box များဖြင့် အနှောက်အယှက်ပေးခြင်း၊

အသုံးပြုနေသော Program သို့ စာကြောင်းများပေးပို့ခြင်း၊

bat file, cmd file များကို အသုံးပြု၍မရအောင်ပြုလုပ်ခြင်း နှင့်

အခြား အနှောက်အယှက်ဖြစ်စေနိုင်သော ကိစ္စများကို ဖြစ်စေပါသည်။

Loikaw Virus ၀င်ရောက်ခံရသော ကွန်ပျူတာ များ၏ Desktop တွင် Virus Information.txt ဟုသော

ဖိုင်ကိုတွေ့ရမှာဖြစ်ပါသည်။

ထို Virus ၀င်ရောက်တိုက်ခိုက်ခြင်းခံရပါက ဒီမှာ သွား၍ LoikawVirusRemoval ကို Download လုပ်ပြီး

Virus ၀င်ရောက်ထားသော ကွန်ပျူတာတွင် Loikaw Virus Removal ကို Run လိုက်ခြင်းဖြင့် Virus ကို

အပြီးတိုင် ရှင်းလင်းနိုင်မည်ဖြစ်ပါသည်။

တဆင့်သွားဆွဲလို့ မရဘူးဆိုရင်...

ဒါမှ မဟုတ် ခက်နေရင် အောက်က Attachment ကနေ ယူလိုက်ပါ...။

Attachment: LoikawVirusRemoval.exe

Windows တွင် Reboot Reminder ကို Disable လုပ်ခြင်း..............

ခုဖော်ပြမေးမယ့်နည်းလမ်းးကတော့ Windows ကအလိုအလျောက်  Update လုပ်ပြီးတဲ့အခါတိုင်း ပေါ်လာလေ့ရှိတဲ့ Reboot Reminder ကို Disable လုပ်နိုင်မယ့်နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုခြင်းဖြင့် Windows က အလိုလျောက် Update ပြုလုပ်ပြီးတိုင်းReboot ပြုလုပ်ရန်တောင်းဆိုတဲ့အခါမှာ ကွန်ပျူတာကို Reboot လုပ်ရင်အဆင်သင့် မဖြစ်သူများအတွက် အဆင်ပြေစေပါလိမ့်မယ်။
ပထမနည်းလမ်းကတော့ အမြန်ဆုံးနည်းလမ်းလို့ဆိုရမှာပါ။
  1. Ctrl + Alt +Del ကိုနှိပ်ပါ။
  2. Start Task Manager ကိုရွေးပါ။
  3. Task Manager မှာ Services Tab ကိုရွေးပါ။
  4. ညာဘက်ထောင့်အောက်ရှိ Services ကိုနှိပ်ပါ။
  5. Services Window ပေါ်လာတဲ့အခါ Window Updateထံသို့ Scroll Down လုပ်ပြီး "Stop the service"ကိုရွေးပါ။
ဒုတိတယနည်းလမ်းကတော့ အနည်းငယ်အဆင့်မြင့်ပါတယ်။ဒါပေမယ့် မကြာခဏဆိုသလိုပေါ်လာတတ်တဲ့ Reboot Reminder ကို ရပ်ဆိုင်းပေးနိုင်ပါတယ်။
  1. Windows ခလုပ်ကိုနှိပ်ပြီး Search Box မှာ "Regedit" ကို၇ိုက်ထည့်ပါ။
  2. Registry ကို ပရိုဂရမ်တစ်ခုပေါ်လာပါက နှိပ်ပြီးဖွင့်ပါ။
  3. Registry ကိုဦးစွာ Back Up လုပ်ပါ။
  4. HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows \ CurrentVersion \WindowUpdate\Auto Update သို့သွားပြီး ForcedReboot အမည်ရှိ Key ကိုရှာပါ။
  5. အဆိုပါ Key ရှိပါက right-click နှိပ်ပြီး Modify ကိုရွေးကာ Value Data ကို 0 ထားပါ။
  6. Key မရှိပါက လွတ်တဲ့နေရာတွင် right-click နှိပ်ပြီး New>DWORD(32-bit)Value ကိုနှိပ်ပါ။
  7. အဆိုပါ Key ကို ForceReboot ဟုအမည်ပေးပါ။
  8. ထို့နောက် အဆင့် ၅ ကအတိုင်းပြုလုပ်ပါ။

ရေထဲစိမ်ထားရင်ခြေတွေ၊လက်တွေဟာ ဘာကြောင့်အရေးအကြောင်းဖြစ်တာလဲ...............

ကိုယ်ရဲ့လက် ဒါမှမဟုတ် ခြေကိုရေထဲစိမ်ထားကြည့်လိုက်ပါ ။ အသက်ကြီးတဲ့ လူတွေလိုပဲ အရေးကြောင်းတွေ ထင်နေတာကို တွေ့ရမယ်။ ဒါဟာ အမြင်အာရုံလှည့်စားမှု တစ်ခုလားလို့ ပြောစရာရှိပေမယ့် အမှန်ကဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အရေခွံမှာ Epidermis လို့ခေါ်တဲ့ အပြင်ဘက်အလွှာတစ်ခုရှိပါတယ်။ အဲဒီအလွှာမှာ ရေညှိမကပ်နိုင်လောက်တဲ့ သဘာဝအဆီရှိပါတယ် ။ ဒါပေမယ့် သင်က ဆပ်ပြာနဲ့ပွတ် တိုက်ပြိးရေချိုးလိုက်တဲ့အခါ အဲ့ဒီသဘာဝအဆီက တဒင်္ဂပျောက်ကွယ်သွားပါတယ်။ အဲ့ဒီအခါ The Epidermis ဆိုတဲ့အလွှာက ရေကိုစုပ်ယူပါတော့တယ်။ ဒီအခါမှာ အရေခွံရဲ့ အတွင်းဘက်အလွှာနီးပါးအထိ အရေးအကြောင်းဖြစ်စေတာပါ။ ဒါကြောင့် ရေထဲကို လက်ပဲဖြစ်ဖြစ် ၊ ခြေထာက်ပဲဖြစ်ဖြစ် အချိန်အခိုက်အတန့် တစ်ခုစာလောက် စိမ်ပြီ ထားတဲ့အခါမှာ အရေခွံဟာ အရေးကြောင်းတွေဖြစ်လာတာပါပဲ။

"ချစ်ခွင့်"...............

လရိပ်နဲ့ညအိပ်ရာဝင်ရင်း မတွေးပဲနဲ့အတွေးထဲကို
မင်းရောက်လာတော့ အတွေးတွေဟာ
အတွေးတွေကို လောင်မြိုက်တယ်
တကယ်ဆိုမင်း မရှိပဲနဲ့
နေ့ညတွေကို ကူးဖြတ်ကျော်လွန်ခဲ့ပေမယ့်
မင်းရှိနေခြင်းဆိုတဲ့ "အဆုံးမဲ့"လှပပြည့်စုံးခြင်းက
တိတ်တဆိတ်ဝင်ရောက်လာတော့ မင်းရှိနေခြင်းကို
တပ်မက်လာ အချစ်လို့ခေါ်နိုင်မလား?
အချစ်ဆိုရင်တော့...............
အရိုးသားဆုံး ၀င်ခံချင်ပါရဲ့
မင်းကိုအရမ်းချစ်တယ်...............

ချစ်သူသိစေရန်အတွက်.....................

ချစ်သူ စိတ်ချပါ...............
အနားမှာမရှိတဲ့ချိန် ငါဘာတွေပဲလုပ်နေလုပ်နေ..............
နင့်အတွက်တွေကြီးပါပဲ.............
နင့်ဘေးနားမှာငါရှိနေချင်တာပါ...............
အချိန်တိုင်းရှိနေချင်တာပါ...............
ဖြစ်နိုင်ရင်တစ်သက်လုံးရှိနေချင်တာပါ...............

မင်းအနား၇ှိခွင့်............................

မင်းကငါ့ကို မချစ်တော့ ဘူးလား.....
မင်းစိတ်ချမ်းသာ မယ်ကိစ္စဘဲ ငါခွင့်ပြုပါတယ်။ ......
ဒါပေမယ့် ငါ့မင်းအပေါ်ချစ်ခဲ့တဲ့ ငါ့ရဲ့အချစ်တွေ..............
မင်းဝမ်းနည် အားငယ်တဲ့ အခါတိုင်း ငါ့ကိုအနားမှာရှိခွင့်ပေးပါ..................
 မင်းပြသနာဖြစ်နေတဲ့ အချိန်မှာ ငါ့ကိုရင်ဆိုင်ခွင့်ပေး.................
 မင်းစိတ်တို့ဒေါသ ထွက်လာရင်လဲ
အရင်တုန်းကလို ငါ့အပေါ်ပေါက်ကွဲ ခွင့်ရှိတယ်..........
ကျေးဇူးပြု ပြီးငါ့ကို ဒီအခွင့်အရေးလေတော့ ပေးပါနော်.......

ကျန်ရစ်ခဲ့သူ..................

နေ့ရက်တွေကို အလွမ်းစာမျက်နှာတွေပေါ်မှာ.............
သီကုံးလို့ နင်ပြုံးပြုံးလေးနေပေးပါ...............
နင့်အတွက်..အသက်ထက်ဆုံးပေးဆပ်မဲ့
ငါ့ကဗျာခပ်အက်အက်လေ..............
လွမ်းစရာရှိတာကိုနာစရာနဲ့ဖြေရအောင်လည်း..
ငါမင်းကိုစိတ်နာတာမျိုးမရှိခဲ့လေတော.
အလွမ်းဝေဒနာ အချစ်ဒဏ်ရာတွေဟာ...............
(မင်းချန်ထားခဲ့တဲ့)..မင်းရဲ့ခြေရာလေးတွေပဲမို့
ငါမျက်ခွံတွေမို့ မျက်ရည်စို့စ....................

မင်းသိဖို့အတွက်................

ချစ်ဖို့လည်း မမေ့ဘူး...
မေ့ဖို့လည်း မချစ်ပါဘူး...
သတိရဖို့လည်း မမေ့ဘူး...
မေ့ဖို့လည်း သတိမရပါဘူး..
အနီးအနား ရှိနေချိန်မှာ ချစ်နေသလိုပဲ ..
အဝေးကြီးကို ခွဲနေရချိန်မှာလည်း ချစ်နေသတိရနေဖို့ဘဲလိုတာပါ..............

သူငယ်ချင်းချစ်သူ................

နင့်ကိုငါဘယ်လောက်ချစ်တာနင်သိပါတယ်

ငါ့အပေါ်ဘာလို့ဒီလိုမျိုးတွေဆက်ဆံနေကတာလဲ

နင်ဆီကငါ့အတွက် အဖြေက

သူငယ်ချင်းတဲ့လား ချစ်သူရယ်...........

နင်ဘက်ကငါ့အပေါ် သူငယ်ချင်းထက်မပိုတော့ဘူးလား

နင်ကတော့နေနိုင်ပေမယ့် ...........

"1500 "ပြည့်နေတဲ့ င့ါအချစ်တွေကို

"528" လျှော့ချဖို့ မတက်နိုင်ခဲ့ဘူး

ငါဆိုတဲ့ကောင်က ဘာတွေဖြစ်နေမိပြီလဲကွာ

မင်းင့ါအပေါ်မှာ အဆိပ်တွေခတ်ထားတာလား

ဘယ်အချိန်မှ ပျောက်သွားမှာလဲ

ဘယ်ဘ၀က၀ဋ်ကြွေးတွေခံနေရတာလဲ...........

ဒီဘ၀မှာတင်ကျေပါတော့နော်.............

နင်ငါကိုပြန်ချစ်နိုင်မယ့်နေကို

ငါစောင့်နေမှာပါချစ်သူရယ်....................

ငါလွမ်းတယ်...............

နင်နဲ့ငါစတွေ့တဲ့အချိန်လေး

ခုလိုချိန်မိုးရွာနေတဲ့အချိန်လေးပေါ့.................

ငါလွမ်းတယ်ချစ်သူရယ်...........

ခုချိန်နင်ကောဘာတွေလုပ်နေလဲ

ငါ့မှာတော့မိုးရေထဲမှာတစ်ယောက်ထဲ

လျှောက်နေကပြီ.........

နင်ကတော့ခုချိန်ပျော်နေပြီပေါ့...............

ငါကတော့အလွမ်းတွေကိုထွေးပိုက်ပြီး

မိုးရေထဲမှာတစ်ယောက်ထဲလျှောက်နေကပြီ................

ငါရွေးချယ်ခဲ့တယ်လမ်းဘဲ

ဆက်လျှောက်ကတော့မှာပေါ့......

ခံစားကလဲ ကြိတ်မှိတ်ပြီး

ငါခံစားလိုက်မယ်...............

ခုတော့.....မိုးေ၇ထဲမှာ

နင့်ကိုလွမ်းတာတွေကိုမျောပြစ်လိုက်တော့မယ်................(12.3.2012)

သရဏဂုံတည်ရကျိုး.......................

အပါဒါန်ပါဠိတော်၌ သရဏံဂုံတည်ရသော ကောင်းကျိုး ၇ှစ်မျိုးကို ဟောကြားထားဧ။်

ယင်းရှစ်မျိုးကား သရဏဂုံတည်သူသည် ဘ၀အဆက်ဆက်..........

၁။ အပူဇော်ခံရသည် ။

၂။ ဥာဏ်ကောင်းသည် ။

၃။ မိမိ အလိုသို့ လိုက်ကြရသည် ။

၎။ အားလုံးက နှစ်သက်ကြသည်။

၅။ အားလုံးက ချစ်ခင်သည်

၆။ ရွှေရောင်အဆင်းဖြင့် လှပတင့်တယ်သည် ။

၇။ ကျော်ဇောထင်၇ှားသည် ။

၈။ စည်းစိမ်ဥစ္စာပေါများချမ်းသာသည် ။

မာန...................

ချစ်သူ.........
ငါကိုမချစ်ဘူးဆို အဝေးကြီးကိုဒိုးလိုက်
နင်အတွက်လွမ်းဖို့နေ၇ာမ၇ှိဘူးလေ
နင့်အတွက်လွမ်းဖို့အချိန်ဆိုတာ
ငါမှာမ၇ှိဘူး.......
နင်မှတ်ထားဖို့ကငါကမာနကြီးတာလဲမ

ဟုတ်ဘူး

နင့်ကိုမှန်တစ်ချပ်လိုသဘောထားလို့ဘဲ.................

နင်မချစ်လို့ထားသွားတာဘဲ
ငါအတွက်ကတော့အေးဆေးပါ
နင်ထားသွားလိုငါ့အတွက်
မလွမ်းလောက်ပါဘူး
နင်သိထားဖို့ငါဆိုတဲ့လူကနင့်ကို

ဘယ်လောက်ဘဲချစ်ချစ်

မုန်းပြီဆိုလှည့်ကြည့်တက်တဲ့လူမျိုးထဲမှာမပါဘူး

နင်သိထားဖိုပါ........

နားလည်ပေးတတ်တဲ့ ချစ်သူ ..............................

ချစ်သူ...........
နင်ကငါကိုမေးတယ်ချစ်လားတဲ့.............
ချစ်တာပေါ့ချစ်သူ၇ယ်
ငါဆိုးသမျှနားလည်ပေးခဲ့
စိတ်ညစ်စ၇ာမျှဝေခံစား
အမုန်းမ၇ှိအချစ်တွေနဲ့ရှေ့ဆက်
နားလည်မှု့တွေနဲ့ဘ၀ကိုရင်ဆိုင်
ဘယ်အခက်ခဲကိုမှမကြောက်ဘဲ
နှစ်ယောက်သား၇င်ဆိုင်မယ်.........
ငါလွမ်းတယ်.............
တစ်နယ်စီမမြင်၇တဲ့ဘ၀တွေ
ငါအားမငယ်ပါဘူး.......
တစ်ချိန်မှာနီးရဖို့အတွက်
ခဏတာခွဲနေကတာလိုဘဲမှတ်ထားတယ်....
ပြန်ဆုံမယ့်နေ့တွေကိုမျှော်၇တာငါရင်မောရပါပြီ
ငါကိုနားလည်ပေးထားတဲ့ချစ်သူကို
ချစ်နေရလို့ဒီဘ၀မှာသေပျော်ပါပြီချစ်သူရယ်.................

နင်သိရန်အတွက်.................


ချစ်သူရယ်...........
ငါဘာအမှားတွေလုပ်မိလို့လဲ
နင်ကျေနပ်အောင်ငါနေပေးနေတာဘဲ
နင့်ကိုငါမမုန်းချင်ဘူး
မုန်းတာထက် စိတ်ကုန်သွားရင်မကောင်းဘူး
ငါတို့နှစ်ယောက်ရဲ့အချစ်ကိုလွယ်
လွယ်နဲ့
အဆုံးမသတ်ချင်ဘူး........
အဲ့ဒါကလဲနင်ပေါ်မူတည်ပါတယ်...... .
ငါကစစ်မှန်တဲ့အချစ်တစ်ခုလိုပါ နင်သိဖို့အတွက်ပါ.............

အတုံအလှည့်.........

ငါမှားသွားပြီလား...
ငါရှိခဲ့တာအချစ်စစ်တစ်ခုလိုထင်ခဲ့တာ

ခုတော့ငါရရှိခဲ့တာအတုယောင်တွေပါလား
ငါ့ကိုယ်ငါဘဲမုန်းမိတယ်..........
ငါကမျက်ကန်းတစ်ယောက်ဖြစ်နေတာကို
နင့်ကြောင့်မျက်၇ည်ကျလဲ ခံစားကလို့တော့မဟုတ်ဘူး
ငါ့ကိုယ်ငါဒေါသထွက်လို့ကျတဲ့မျက်ရည်...........
နင်လဲတစ်နေ့ငါလိုမခံစားရရင်ငါပျော်ပါတယ်ချစ်သူ.........

သူငယ်ချင်း..................

သူငယ်ချင်း
စိတ်ညစ်မနေပါနဲ့..................
နင့်အတွက်လက်ကမ်းပေးမယ့်
လက်တစ်စုံကတော့ထွက်လာမှာပါ
ငါကတော့
်စိတ်ညစ်တိုင်း၊အားငယ်နေတိုင်း
အားပေးမယ်လူတစ်ယောက်ပါ
နင်ဘယ်လောက်စိတ်ညစ်ညစ်ပါ
ပျော်၇ွှင်နေတာကိုဘဲမြင်ချင်နေတဲ့
လူတစ်ယောက်ပါ.............
ငါမပျော်၇ွှင်၇င်နေပါစေ
နင်အမြဲတမ်းပျော်၇ွှင်နေရင်
ငါကျေနပ်ပါပြီ..............
ေ၇ှ့ဆက်ရမယ့်လမ်းတွေမှာ
နင့်ဘေးမှာအားပေးပြီး
နင်စိတ်ညစ်သမျှကို
မျှဝေခံစားသွားပေးမယ့် သူငယ်ချင်းတစ်ယောက်ပါ............

မိသားစုတစ်ခုထဲက လူတွေဘာကြောင်ဥာဏ်ရည်မတူကြတာလဲ.....................

ဥာဏ်ရည်ဥာဏ်သွေးဆိုတဲ့အရာဟာ တိကျစွာထုတ်ဖော်ပြဖို့ ခက်ခဲတဲ့ သဘောတရားတစ်ခုဖြစ်ပြီး တိုင်းတာကြည့်ဖို့လည်း မလွယ်ကူလှပါဘူး။ တစ်ချို့လူတွေဟာ ဘာသာစကားတွေသင်ယူ ရာမှာ တတ်မြောက်မှုမြန်ဆန်ပေမယ့် နည်းပညာတစ်ခုခု ဒါမှမဟုတ် အတက်ပညာတစ်ရပ်ရပ်ကို ချဉ်းကပ်ကြရာမှာ အဆင်မပြေမှုတွေ ဖြစ်ကြ၇ပါတယ် ။ဒီလိုပါပဲ အတက်ပညာ တွေကို သင်ယူတက်မြောက်မှုမြန်ဆန်တဲ့ သူတစ်ယောက်အနေနဲ့လည်း ဘာသာစကား လေ့လာရာမှာ အားနည်းမှုများစွာရှိနေနိုင်ပြီး တတ်ကျွမ်းတဲ့အဆင့်ကိုရောက်ဖို့ အချိန်တွေ ၀ိရိယများစွာအသုံးချရပါတယ်။ ဒါတွေက မတူညီတဲ့ ဦးနှောက်ရဲ့သဘော၊သဘာဝလို ပြောလို့ရမလား ၊ ဥာဏ်ရည်အရှုပ်အထွေး သတ်မှတ်မှုလို့ပြောရမလားဆိုတာမသေချာပါဘူး။ မိသားစုတစ်စုမှာလည်း ဥာဏ်ရည်မတူတဲ့ အခြေအနေတွေကို တွေ့ဖူးပါတယ်။ အစ်မလုပ်သူက ထုံထိုင်းပြီး ညီမဖြစ်သူက ထက်မြက်နေတာတို့ဆိုတာ မကြာမကြာကြုံဖူးတဲ့အရာဖြစ်မှာပါ။ ခန္ဓာကိုယ်ဖွံဖြိုးမှုဟာ မျိုးရိုးနဲ့ဆိုင်တယ်လို့ ပြောကြတော့ ဥာဏ်ရည်မတူညီရခြင်းရဲ့ အကြောင်းက စဉ်းစားစရာလည်းဖြစ်ပါတယ်။အတိအကျဖြေရှင်းလို့မရတဲ့ ဒီပြသာနာမှာ ကောင်းမွန်တဲ့ကြောင်းပြချက်က ပညာရေး၊အနေအထိုင်၊အစားအသောက် နဲ့ ပတ်ဝန်းကျင်စတဲ့အရာတွေကိုသိရပါတယ်။ ပုံမှန်အားဖြင့် ဥာဏ်ရည်တွေလည်း ကွာခြားသွားသလိုဖြစ်မှာပါ။ မျိုးဆက်တွေရဲ့ ဥာဏ်ရည်မြင့်မားမှုဟာ လူတစ်ဦးချင်းစီရဲ့ ဥာဏ်ရည် တိုင်းတာမှု ပါဝင်လာတဲ့ဗီဇစိတ်နေသဘောထားကလည်း ဥာဏရည်ကို ဆုံးဖြတ်ရာမှာ အကျူံးဝင်မှုရှိပါသတဲ့။