ဥာဏ်ရည်ဥာဏ်သွေးဆိုတဲ့အရာဟာ တိကျစွာထုတ်ဖော်ပြဖို့ ခက်ခဲတဲ့ သဘောတရားတစ်ခုဖြစ်ပြီး တိုင်းတာကြည့်ဖို့လည်း မလွယ်ကူလှပါဘူး။ တစ်ချို့လူတွေဟာ ဘာသာစကားတွေသင်ယူ ရာမှာ တတ်မြောက်မှုမြန်ဆန်ပေမယ့် နည်းပညာတစ်ခုခု ဒါမှမဟုတ် အတက်ပညာတစ်ရပ်ရပ်ကို ချဉ်းကပ်ကြရာမှာ အဆင်မပြေမှုတွေ ဖြစ်ကြ၇ပါတယ် ။ဒီလိုပါပဲ အတက်ပညာ တွေကို သင်ယူတက်မြောက်မှုမြန်ဆန်တဲ့ သူတစ်ယောက်အနေနဲ့လည်း ဘာသာစကား လေ့လာရာမှာ အားနည်းမှုများစွာရှိနေနိုင်ပြီး တတ်ကျွမ်းတဲ့အဆင့်ကိုရောက်ဖို့ အချိန်တွေ ၀ိရိယများစွာအသုံးချရပါတယ်။ ဒါတွေက မတူညီတဲ့ ဦးနှောက်ရဲ့သဘော၊သဘာဝလို ပြောလို့ရမလား ၊ ဥာဏ်ရည်အရှုပ်အထွေး သတ်မှတ်မှုလို့ပြောရမလားဆိုတာမသေချာပါဘူး။ မိသားစုတစ်စုမှာလည်း ဥာဏ်ရည်မတူတဲ့ အခြေအနေတွေကို တွေ့ဖူးပါတယ်။ အစ်မလုပ်သူက ထုံထိုင်းပြီး ညီမဖြစ်သူက ထက်မြက်နေတာတို့ဆိုတာ မကြာမကြာကြုံဖူးတဲ့အရာဖြစ်မှာပါ။ ခန္ဓာကိုယ်ဖွံဖြိုးမှုဟာ မျိုးရိုးနဲ့ဆိုင်တယ်လို့ ပြောကြတော့ ဥာဏ်ရည်မတူညီရခြင်းရဲ့ အကြောင်းက စဉ်းစားစရာလည်းဖြစ်ပါတယ်။အတိအကျဖြေရှင်းလို့မရတဲ့ ဒီပြသာနာမှာ ကောင်းမွန်တဲ့ကြောင်းပြချက်က ပညာရေး၊အနေအထိုင်၊အစားအသောက် နဲ့ ပတ်ဝန်းကျင်စတဲ့အရာတွေကိုသိရပါတယ်။ ပုံမှန်အားဖြင့် ဥာဏ်ရည်တွေလည်း ကွာခြားသွားသလိုဖြစ်မှာပါ။ မျိုးဆက်တွေရဲ့ ဥာဏ်ရည်မြင့်မားမှုဟာ လူတစ်ဦးချင်းစီရဲ့ ဥာဏ်ရည် တိုင်းတာမှု ပါဝင်လာတဲ့ဗီဇစိတ်နေသဘောထားကလည်း ဥာဏရည်ကို ဆုံးဖြတ်ရာမှာ အကျူံးဝင်မှုရှိပါသတဲ့။
No comments:
Post a Comment