Wednesday, May 30, 2012

*****ဖုန်းမက်ဆေ့***......

၁မိနစ်ကြာပြီးနောက်... သူ သင့်ဆီက မက်ဆေ့ခ်ျကို ဖွင့်ကြည့်နေတယ်လို့ သင်က ထင်တယ်....
၂ မိနစ်ကြာပြီးနောက်....သူ သင့်ကို မက်ဆေ့ခ်ျ ပြန်မယ်လို့ သင်က ထင်တယ်....
၃ မိနစ်ကြာပြီးနောက်...သင့်ရဲ့ ဖုန်းကို ဖွင့်ပြီး သူ့ဆီက မက်ဆေ့ခ်ျကို စတင် စစ်ဆေးတယ်...
၎မိနစ်ကြာပြီးနောက်...သူ ဘာလို့ မက်ဆေ့ခ်ျပြန်တာ ဒီလောက်နှေးလဲ သင် စတင် စဉ်းစားတယ်....
၅ မိနစ်ကြာပြီးနောက်.... သူ သင့် မက်ဆေ့ခ်ျကို မမြင်လို့ ဖြစ်မယ်ဆိုပြီး သင့်ကိုယ်သင် နှစ်သိမ့်တယ်...
၆မိနစ်ကြာပြီးနောက်...ဖုန်းကိုကိုင်ပြီး...မက်ဆေ့ခ်ျပြန်လာမှာကို ခဏစောင့်တယ်....
၇မိနစ်ကြာပြီးနောက်....ဖုန်းကို ထုတ်ကြည့်ပြီး ကြာလိုက်တာလို့ သင်ထင်တယ်....
၈ မိနစ်ကြာပြီးနောက်... သင်စိတ်ပူပန်စ ပြုလာတယ်...သူ မက်ဆေ့ခ်ျ မပြန်တော့ဘူးလို့ ထင်သွားတယ်...
၉မိနစ်ကြာပြီးနောက်...သူ့ဆီကို မက်ဆေ့ခ်ျ ထပ်ပို့ရင်ကောင်းမလား သင် စဉ်းစားတယ်....
၁၀မိနစ်ကြာပြီးနောက်... မက်ဆေ့ခ်ျ ရိုက်လိုက်တယ်...နောက်ဆုံး ပို့ခါနီး ပြန်ဖျက်လိုက်တယ်...
မိနစ် ၂၀ ကြာပြီးနောက်...သင်စိတ်မကောင်း ဖြစ်စ ပြုလာတယ်....
မိနစ် ၃၀ကြာပြီးနောက်... သူ့ရဲ့ မက်ဆေ့ခ်ျ ပြန်လာမှာကို မျှော်နေမိပြန်တယ်...
မိနစ် ၄၀ ကြာပြီးနောက်...နောက်ဆုံးမှာ သူ့ကို နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် ထပ်ပို့လိုက်တယ်....
မိနစ် ၅၀ ကြာပြီးနောက်....နဂိုတုန်းက ကြည်လင်နေတဲ့ စိတ်ကလေး... အရောင်ဆိုး ဖျက်ဆီး ခံလိုက်ရတယ်...
အခု ၁ နာရီရှိသွားပြီ....သူ့ဆီက မက်ဆေ့ခ်ျကို မျှော်သာမျှော် ပေမယ့် မပေါ်လာသေးဘူး...
နာရီအနည်းငယ်ကြာတော့... သင့်ရဲ့ အကြင်နာ စိတ်ကလေးက သင့်ကို မျှော်လင့်ချက် ပေးလာပါတယ်...
နောက်တခါ ဟန်းဖုန်းကို ဖွင့်ကြည့်လိုက်တယ်... သူ့ဆီက စာပြန်လာပါတယ်....
သင့်ကို ဘာဖြစ်လို့လဲ လို့မေးပါတယ်... စိတ်ထဲမှာ စောစောကလောက် မတင်းမာတော့ဘူး... ဒေါသ နဲနဲ ပြေသွားတယ်... ဒါပေမဲ့ သူ့ကို ဘယ်လို စာပြန်ရမှန်းမသိဘူးဖြစ်နေတယ်...
ဘာလို့လဲဆိုတော့ သူ့ဆီ စာပို့တုန်းကလို ပျော်ရွှင်တဲ့ ခံစားချက်မျိုး သင် ပြန်မရတော့ဘူးလေ....
သူ သင့်ကို စာပြန်လာပြီလေ...ဒါပေမဲ့ သင့်ကိုယ်သင် သနားပြီး စာမပြန်တော့ဘူး....အကြာကြီးစောင့်နေခဲ့တာ သူ့ဆီက မက်ဆေ့ခ်ျပဲ မဟုတ်လား....
သူ့ကိုလဲ စောင့်စားခြင်းရဲ့ ခံစားမှုကို နားလည်စေချင်တယ်လေ..ဒါပေမဲ့ သင် မခံစားနိုင်ဘူး...သူ့ကို မက်ဆေ့ခ်ျ မပြန်ပဲ မနေနိုင်ပြန်ဘူး....
ဒါပေမဲ့သင် သူ့ဆီကို စာပြန်လိုက်တဲ့နောက်...ပြန်ရလိုက်တာကတော့ အကြာကြီး ထပ်မံ စောင့်စားရခြင်းပါပဲ....
တကယ်တော့ နောက်တစ်ခါ ပြန်ပြီး စောင့်စားနေရတဲ့ သူနဲ့ သင် မထိုက်တန်ပါဘူး....
သူ အရမ်းအလုပ်များတယ်ဆိုတာ သင်သိရင်...သူ့ကို အနှောင့်အယှက် မပေးသင့်ဘူး....
သူ အလုပ်မများဘူးဆိုတာ သင်သိရင်... သင့်ကို စာပြန်တဲ့ နှုန်းက အတိုင်းထက် အလွန် မနှေးသင့်ဘူးလေ...
သင့်ကို သူ လုံးဝ ဂရုမစိုက်တာ သင်သိသင့်တယ်....
သူ အဲလောက် စာပြန်တာ နှေးနေတာ ဘာလို့ အသည်းအသန် သူ့ကို စာပို့နေမှာလဲ....
မိမိကို တကယ် ဂရုစိုက်တဲ့သူဆိုတာ ဘယ်လောက် အလုပ်များများ...နည်းလမ်းရှာပြီး စာပြန်တယ်....
မိမိကို အလေးထားတဲ့ သူဆိုတာ သူ့ကို လိုက်၇ှာပြီး သတိပေးစရာမလိုဘူး.... သူ့ဘာသာ အလိုအလျောက် သင့်ကို သတိရနေတတ်တာမဟုတ်လား.....

မိန်းကလေးတွေ၇ဲ့မျက်၇ည်...........

မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊ အားပေးကူညီသင့်တယ်။ မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မကြာခဏမေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။ ပထမအချက်က 
သူ့ချစ်တဲ့ကောင်လေးက ဒီစကားသုံးခွန်းကို သိပ်မသုံးတော့လို့။ ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့၊ ယုံကြည်မှုမဲ့လာလို့ဖြစ်တယ်။ သူဒီလိုမေးလာတဲ့ အချိန်မှာ သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်ပြီး နူးညံ့ညင်သာစွာနဲ့ "နင့်ကို ငါချစ်တယ်" လို့ ပြောပေးပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင်ကာကွယ်နိုင်ပါလိမ့်မယ်။
( နှိုင်းနှိုင်းစနေ)

Tuesday, May 22, 2012

အဝေးေ၇ာက်ချစ်သူ


ငါ့အနား


သုရာမေရယ ကံအကြောင်းကိုလေ့လာသုံးသပ်ခြင်း။

သုရမေရယဆိုတာက သောက်သူ၊စားသူ၊ရှူသူတို့ကို မေ့လျော့စေတတ် မူးယစ်စေတတ်သော သောက်စရာ၊စားစရာ၊ရှူစရာဟူသမျှသည် သေရည်သေရက် (သို့မဟုတ်)အရက်သေစာ=သုရာမေမေရယချည်းပင်ဖြစ်ပါတယ်။အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း နံပါတ်ဖိုး စတဲ့ မူးယစ်ဆေးရည်လည်း သုရာမေရယထဲမှာ အပါအဝင်ဖြစ်ပါတယ်။ထို့ကြောင့် တောအရက်၊မြို့အရက်၊နိုင်ငံခြားအရက်၊ထန်းရည်၊ဓနိရည်၊ဘိန်းကင်း၊ကစော်၊လှော်စာ၊ဘိန်းဖြူ၊ဆေး ခြောက်၊ကုတ်ကင်း၊မာဖီးယား၊အယ်လ်အက်စ်ဒီ(LSD)၊ဘီယာအမျိုးမျိုးစသော မူးယစ်ဆေးဟူသမျှ အရက်သေစာ=သုရာမေရယလို့ခေါ်ပါတယ်။ ထိုအရက်သေစာ စသော မူးယစ်ဆေးသောက်သုံးမှီဝဲခြင်းသည် သောက်သုံးသူကိုဖြစ်စေ၊သောက်သုံးသူနှင့်ဆက်စပ်နေသူကိုဖြစ်စေ နှစ်ဦးစလုံးကိုဖြစ်စေ အကျိုးပျက်ပြားစေသော ကြောင့် အပြစ်ရှိသော အမှုဖြစ်၍ မကောင်းမှုအကုသိုလ်ဖြစ်ပါတယ်။အရက်သေစာ သောက်သုံးသူသည် အကောင်းအဆိုး အမှားအမှန် ကို ဝေဖန်ခွဲခြားတတ်သော အသိဥာဏ် ကင်းနေသဖြင့် အဆိုးအရွားဆုံးဖြစ်သော မကောင်းမှုကိုပင်ကျူးလွန်းမိတတ်ပါတယ်။
ဆိုလိုတာက အရက်သေစာ သောက်စားမူးရစ်နေသူက ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာဆိုတဲ့ အနန္တောအနန္တငါးပါးဆိုတာကိုလည်းမသိပါ။အစ်ကို၊ညီ၊အစ်မ၊ညီမဆိုတာကိုလည်းမသိ၊ကုသိုလ်ဆိုတာလည်းမသိ၊အကုသိုလ်ဆိုတာကိုလည်းမသိခြင်းကြောင့် မဖြစ်သင့်၊မဖြစ်ထိုက်၊နားနှင့်ပင်မကြားရက်သော မကောင်းမှုတွေ၊လူရှေ့ သူရှေ့ကိုချပြလို့ပင်မဝံ့ရဲလောက်တဲ့ အကုသိုလ်မကောင်းမှုများကိုလုပ်တတ်ကြပါတယ်။အသိဥာဏ်ကင်းမဲ့ပြီး မူးယစ်ထုံမှိုင်းနေခြင်းကြောင့် မလုပ်ဝံ့သော အကုသိုလ်၊မလုပ်သင့်သော အကုသိုလ်ဆိုတာကိုလည်းမသိပါ။ထိုသူရဲ့အသိဥာဏ်ဆိုတာအပ်ဖျားလောက်မှပင်
ထိုခဏမှာ မရှိဘူးလို့ဆိုရမှာပါ။ ”အရက်သမား အမှားတစ်ရာ”ဆိုသကဲ့သို့ အရက်မူးနေသူဟာ ပြဿာမျိုးစုံ၊အမှားမျိုးစုံ၊ရာဇဝတ်မှုအပါအဝင်မကောင်းမှုဒုစရိုက်များကိုမှားတတ်ပါတယ်။
သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။
သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။သုရာမေရယကံကိုလွန်းကျူးသူရဲ့ဆိုးကျိုးတွေက တော့
(၁)။သတိကင်းလွတ်ခြင်း။
(၂)။အရှက်မရှိခြင်း၊
(၃)။အကောင်းအဆိုး၊အမှားအမှန် မခွဲခြားတတ်ခြင်း။
(၄)။ခိုက်ရန်ဒေါသ ဖြစ်ပွားခြင်း။
(၅)။မကောင်းသတင်းပျံ့နှံ့ခြင်း၊ကျက်သရေမရှိခြင်း။
(၆)။ရောဂါများခြင်း။
(၇)။ကိုယ်လက်အင်္ဂါတုန်ခြင်း။
(၈)။မိမိမွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ်မပြည့်ခြင်း။
(၉)။လုပ်ဆောင်စရာ လုပ်ငန်းကိစ္စတို့ကို မေ့လျော့ခြင်း။
(၁၀)။စီးပွားပျက်ခြင်းမှစ၍ သေလွန်သည့်အခါ အပါယ်ဒုဂ္ဂတိဘဝ လားရောက်ရသည်အထိ ဆိုးကျိုးများကိုဖြစ်ပေါ်စေတတ်ပါတယ်။
ထိုဆိုးကျိုးတွေထဲကမှ အရက်သေစာ မူးယစ်ခြင်းကြောင့် သတိတရားတွေကင်းလွတ်ပြီး မိမိရဲ့ သားကိုပင် ပြန်ပြီးသတ်စားတဲ့ဘုရင်ကြီး တစ်ပါးအကြောင်းကို ဥပမာပေးပြီး ဖော်ပြချင်ပါတယ်။
ဗာရာဏသီပြည်မှာ ဘုရင်ကြီးတစ်ပါး အရက်နဲ့အသားကို အလွန်ကြိုက်ပါတယ်။အရက်မသောက်ရရင်မနေနိုင်သကဲ့သို့ အသားမစားရရင်လည်း မနေနိုင်အောင်ဖြစ်ပါတယ်။အောက်ထစ်ဆုံး အသားမပါရင်တောင်ပွဲတော်တည်လေ့မရှိသည်ထိ အသားကိုအင်မတန်ကြိုက်တာပါ။အဲဒီတိုင်းပြည်မှာလည်း ဥပုသ်နေ့အသားမသတ်ရခြင်းဆိုတဲ့ ဥပဒေတစ်ရပ်ကိုလည်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဥပုသ်နေ့မတိုင်မီ အသားကိုကြိုတင်ဝယ်ထားရပါတယ်။တစ်နေ့တော့ အဲလိုကြိုတင်ဝယ်ထားတဲ့အသားကို ခွေးကစားသွားတော့ ပွဲအုပ်တည်ဖို့ အသားပဲဖြစ်နေပါတယ်။အသားဟင်းမပါပဲ ပွဲတော်ဆက်သရမှာကိုကြောက်တဲ့ စားတော်ကဲကလည်း မိဖုရားကြီးထံအကြံဥာဏ်တောင်းပါတယ်။
မိဖုရားကြီးကလည်း မင်းကြီးက သားတော်လေးကိုအင်မတန်မှချစ်တဲ့အတွက် ပွဲတော်တည်နေခိုက် အသားမပါသည်ကိုသတိပြုမိမည်မဟုတ်ဟု အထင်ဖြင့် သားတော်လေးကိုဘုရင်ကြီးရင်ခွင်ထဲကိုထည့်ပေးလိုက်ပါတယ်။မင်းကြီးလည်း သားတော်လေးကိုကြည့်ပြီး ပီတိဖြစ်ပါတယ်။အဲဒီအခါကျမှာ စားတော်ကဲက ပွဲတော်ကိုဆက်သလိုက်ပါတယ်။မင်းကြီးလည်းအရက်အလွန်းမူးနေသော်လည်း အသားမပါသည်ကိုချက်ချင်းသိလိုက်ပါတယ်။အသားဟင်းဘယ်မလဲဟုဆိုကာ
ဒေါသအမျက်ခြောင်းခြောင်းထွက်တာကြောင့် အသားဟင်းဒီလောက်ရှားလိုက်ကွာဟုဆိုတာကာရင်ခွင်ထဲမှသားတော်လေးကိုလည်ပင်းလိမ်ချိုးပြီး
ဒါကိုချက်ခဲ့ဟုဆိုတာ ၊ဘုရင်ကြီးသည် တစ်နေ့လုံး အရက်သောက်လိုက်၊သားတော်လေးရဲ့အသားကိုမြည်းလိုက်နဲ့စည်းစိမ်ယစ်ပြီးအိပ်ပျော်သွားပါတယ်။မနက်မိုး
လင်းတော့ အမူပြေသဖြင့် ငါသားတော်လေးကိုခေါ်ခဲ့ဟုတောင်းခံပါတယ်။ဒီအခါမှ မိဖုရားကြီးက ရှိုက်ကြီးတငင်ငိုကြွေးပြီး အဖြစ်ပျက်အားလုံးကိုလျှောက်တင်လိုက်ပါတယ်။ဘုရင်ကြီးလည်း အင်မတန်ထိတ်လန့်ပြီး ပြင်းထန်ကြီးမားသော ဆင်းရဲကို ခံရပါတော့တယ်။အဲဒီအခါကျမှ သားကိုသားမှန်းမသိအောင် အသိဥာဏ်ကင်းစေတဲ့ အရက်ကို နောက်နောင်မသောက်တော့ဟု အဓိဋ္ဌာန်ပြုလိုက်ပါတယ်။အဲဒီအခါကျမှ ဘုရင်ကြီးအရက်ပြတ်သွားပါတယ်။ဒါက အရက်သမားတစ်ယောက်ရဲ့ အရက်မူးခြင်းကြောင့် မိမိရဲ့သားကိုပင် သားဟုမမြင်ပဲ အင်မတန်ထိတ်လန့်စရာ ကောင်းတဲ့ အမှားတစ်ခုဖြစ်ပါတယ်။
ယခုခေတ်အခါမှာလည်း အားလုံးကိုတော့ မရည်ရွယ်ပါဘူး။မိဝေးဖဝေး ရောက်နေတဲ့ ဒကာလေးတွေ ဒကာမလေးတွေ ထိုထိုအရက်သေစာများကို သောက်စားမူးယစ်ပြီး မမှားသင့်သည့်အရာများစွာကိုမှားနေကြပါတယ်။မိဘအုပ်ထိန်းသူတို့ရဲ့ အောက်ကနေလွတ်နေခြင်းကြောင့် အပျော်ဖက်ပြီး သောက်စားနေကြပါတယ်။အဲလိုသောက်စားနေခြင်းကြောင့်လည်း သတိတရားတွေကင်းမဲ့ခြင်းကြောင့် ဘဝပျက်ပြီး ပျက်စီးနေကြတဲ့သူများရှိနေကြပါတယ်။ပျော်လို့ပဲသောက်သောက် စိတ်ညစ်လို့ပဲသောက်သောက် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိအောင်ပဲသောက်သောက် အရက်ဆိုတာမျိုးက ကောင်းကျိုးဆိုတာအပ်ဖျားလောက်မှပင် မပေးတတ်ပါ။ဆိုးကျိုးများစွာကိုပဲဖြစ်စေတာပါ။ကိုယ်ကမသောက်လည်း သူများသောက်ဖို့တိုက်တယ်ဆိုရင်လည်း အပါယ်လေးပါးရောက်စေတတ်တဲ့ အလှူဒါမှာ အရက်သေစာလှူဒါန်းခြင်းလည်းပါပါတယ်။ထိုထိုသော အပျက်များစွာ အမှားများစွာကိုဖြစ်စေတတ်တဲ့ အရက်စတဲ့ မူးယစ်ဆေးဝါးများကို မသုံးစွဲကြပါနဲ့လို့ အနူးအညွတ် မေတ္တာရပ်ခံချင်တာပါ။အရက်သေစာကိုရှောင်ကြဉ်လိုက်မယ်ဆိုရင် သုရာမေရယကံကို ထိန်းရာရောက်သဖြင့် ဖော်ပြခဲ့ဆိုးကျိုးတွေရဲ့ပြောင်းပြန်ကောင်းကျိုးတွေကို ရရှိစေမှာပါဖြစ်ပါတယ်။ဒီပိုစ့်လေးကို ဖတ်ပြီး အရက်သေစာသောက်စားမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေ။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် ၊အိန္ဒိယနိုင်ငံ)

******အလွမ်းနဲ့ တမ်းတခြင်း*****

အလွမ်း တွေ ရင်ထဲမှာ ဘယ်လောက်တောင် များနေသလဲ တော့  မသိနိုင် ပေမယ့် 

ကျလာတဲ့ မျက်ရည်စက်တွေကို မေးကြည့် လို့ ရတယ်..... စာမျက်နှာ အသစ်မှာ အချစ်

နဲ့ ပျော်ရွှင်ခြင်းတွေ ရောထည့် ကာ ရေးမယ်လို့  စိတ်ကူးထားကာမှ

မင်းက ထွက်ခွာမယ် ဆိုတော့ ကျန်ခဲ့ တဲ့  အလွမ်းနဲ့ မျက်ရည်တွေကို


ဘယ်လို များ ငါ ကုစားလို့ ၇မလဲ .......

ရှင်ကွဲ ခွဲမယ့် ချစ်သူ ကို ဘယ်လောက်ပဲ ဝေးနေပါစေ တွေ့ လို့ ရပေမယ့်.......

သေကွဲ ခွဲ မယ့် ချစ်သူ ကို ငါ ဘယ်လို များ နေပြီးတော့  တမ်းတရမလဲ
စိတ်ကူးထဲ ဘယ်လိုမှ စဉ်းစားလို့ မ၇တော့ တဲ့ ငါ့  ကိုယ် ငါ စုတ်ပြတ်သတ် နေအောင်

ဒုက္ခ ပေးနေတယ်....

အစွဲ အလမ်း ကြီး သူရဲ့ ရင်ထဲ မင်းဝင်လာတဲ့ နောက် နေ့ တိုင်း တွေ့ ချင် မြင်ချင်စိတ်က

ဘယ်လို မှ တားဆီးလို့ မရ........

မင်း တစ်ခုခု ဖြစ်သွားမယ် ဆိုရင် အဲ့ ဒီ တွေ့ ချင်နေတဲ့ စိတ်က မေးလာတဲ့ အခါ

ငါ ဘယ်လို များ ဖြေရပါမလဲ..............

********သူဖတ်မိပါစေနော်*******..........

အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးသွားလဲ
အလွမ်းတွေး လျော့သွားတယ်ဆိုတာမ၇ှိပါဘူး
ပိုတိုးလို့တောင်လာတယ်.....
သူကိုသတိရနေတာကိုဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး
သူလဲမသိပါဘူး.......
ခံစားနေတဲ့ငါကသာအသိဆုံးပါဘဲ
အဝေးကြီးကိုေ၇ာက်နေလဲ ယုံကြည့်မှု့တွေအပြည့်နဲ့
ေ၇ှ့ဆက်နေကတာပါ......
သူယုံစေချင်တယ်......
အရာရာတိုင်းကမပြောင်းလဲဘူးဆိုတာတော့မ၇ှိပါဘူး
ပြောင်းလေးနေတာပါ
ဒါပေမယ့်သူကိုချစ်တဲ့အချစ်ကတော့ဘယ်တော့မှ
မပြောင်းလဲဘူးဆိုတာ ယုံပေးပါ....
အမြဲတမ်းမပြောင်းလဲတဲ့အချစ်နဲ့ချစ်နေမှာပါ.................
(အဝေးမှာရောက်နေတဲ့ တစ်ယောက်သူဖတ်မိစေရန်အတွက်)

Monday, May 21, 2012

ကမ်းခြေပြဇာတ်

ကမ်းခြေပြဇာတ်
နိမ့်အမြင့်လှိုင်းတွေရှိသလို....
လူတွေမှာလည်း....ဂုဏ်ပကာသနတွေရှိတယ်။
လိုင်းတွေဟာ..တခါတလေနှုးညံ့သလို
တခါတလေမှာတော့....ခက်ထန်မာကျောလှတယ်။
လိုင်းဒဏ်ကို...ခါးစည်းခံတဲ့
ကမ်းစပ်ကရော...သူဘယ်လောက်ခံစားရမလဲ
ဒါပေမဲ့..သူမားမားကြီးရပ်တည်နေပါတယ်..
သူ့အတွက်လှိုင်းမရှိလို့..မဖြစ်ဘူးလေ..။
လိုင်းအတွက်...သူ့ဘ၀ကိုပေးဆပ်ထားတယ်
လှိုင်းအတွက်...သူ့ကျဆုံးပါစေ
ရင်ကွဲလို့..မငိုဘူး
ထာဝရ၊ရင်ထဲသိမ်းဆည်းထားတယ်။
သူ...လိုင်းရဲ့တေးသွားတွေ...ငိုသံတွေကို
မျှဝေခံစားပေးပေမဲ့..လှိုင်းကတော့
ကမ်းစပ်လေးကို..ဝေဒနာတွေ...
ပေးနေဆဲပါလေ...။
 

Sunday, May 13, 2012

မင်းအနား၇ှိခွင့်............................

မင်းကငါ့ကို မချစ်တော့ ဘူးလား.....
မင်းစိတ်ချမ်းသာ မယ်ကိစ္စဘဲ ငါခွင့်ပြုပါတယ်။ ......
ဒါပေမယ့် ငါ့မင်းအပေါ်ချစ်ခဲ့တဲ့ ငါ့ရဲ့အချစ်တွေ..............
မင်းဝမ်းနည် အားငယ်တဲ့ အခါတိုင်း ငါ့ကိုအနားမှာရှိခွင့်ပေးပါ..................
 မင်းပြသနာဖြစ်နေတဲ့ အချိန်မှာ ငါ့ကိုရင်ဆိုင်ခွင့်ပေး.................
 မင်းစိတ်တို့ဒေါသ ထွက်လာရင်လဲ
အရင်တုန်းကလို ငါ့အပေါ်ပေါက်ကွဲ ခွင့်ရှိတယ်..........
ကျေးဇူးပြု ပြီးငါ့ကို ဒီအခွင့်အရေးလေတော့ ပေးပါနော်.......

ချစ်သူသိစေရန်အတွက်.....................

ချစ်သူ စိတ်ချပါ...............
အနားမှာမရှိတဲ့ချိန် ငါဘာတွေပဲလုပ်နေလုပ်နေ..............
နင့်အတွက်တွေကြီးပါပဲ.............
နင့်ဘေးနားမှာငါရှိနေချင်တာပါ...............
အချိန်တိုင်းရှိနေချင်တာပါ...............
ဖြစ်နိုင်ရင်တစ်သက်လုံးရှိနေချင်တာပါ...............

မျှော်လင့်မိသူ.................

မဖြစ်နိုင်မှန်း သိ၇က်နဲ့ ငါမျှော်နေမိတယ်ချစ်သူ၇ယ်..............
မလာနိုင်မှန်းသိပေမယ့် ငါစောင့်နေမိတယ် ချစ်သူ၇ယ်......
နင်ပြန်မလာတော့ဘူးဆိုတာလဲ ငါသိနေတယ်............
ပြန်လာမလားလိုစောင့်နေမိတာပါ......
ခုဆိုနင်ထားသွားတဲ့ငါရင်ခွင်တစ်စုံလဲကျေမွနေပြီ.............

ချစ်သူသိစေရန်.......................

မင်းဘေးမှာရှိနေတဲ့ လူတွေက ငါ့ထက်မင်းကို ချစ်နိုင်တယ်........
ချစ်မယ်လို့ ထင်ရင် မင်းအချိန်မရွှေးငါ့နားကထွက်သွား နိုင်တယ်........
ငါခံစားရသလို နင်မခံစားရဘူးဆိုရင် ငါကျေနပ်တယ်..............
မင်းလဲတစ်နေ့ငါ့လို မခံစားပါရစေနဲ့ချစ်သူရယ်........

အဝေးရောက်ချစ်သူ.................

သတိရတဲ့အခါ လွမ်းမိပါရဲ့ အဝေးရောက်ခဲ့တော့လည်း ဆွေးမိပြန်............
အပြီးစွန့်ခွာသွားတော့ ငိုမိပြန်တယ်........
ဒါလားအချစ်ဆိုတာ...................

""ရင်ထဲကစာသား""................

လေတိုက်တိုင်းလွင့်ပါးနေတဲ့ ရော်ဝါရွက်လေး
တစ်ရွက်လို လူတကာရဲ့ နင်းချေမှု့ကိုခံနေရချိန်မှာ ဘယ်သူကကြင်နာစွာ ကောက်ယူနမ်းရှိုက်မှာလဲ........ဘယ်သူကလက်တွဲခေါ်မှာလဲ............

ကျန်ရစ်ခဲ့သူ..................

နေ့ရက်တွေကို အလွမ်းစာမျက်နှာတွေပေါ်မှာ.............
သီကုံးလို့ နင်ပြုံးပြုံးလေးနေပေးပါ...............
နင့်အတွက်..အသက်ထက်ဆုံးပေးဆပ်မဲ့
ငါ့ကဗျာခပ်အက်အက်လေ..............
လွမ်းစရာရှိတာကိုနာစရာနဲ့ဖြေရအောင်လည်း..
ငါမင်းကိုစိတ်နာတာမျိုးမရှိခဲ့လေတော.
အလွမ်းဝေဒနာ အချစ်ဒဏ်ရာတွေဟာ...............
(မင်းချန်ထားခဲ့တဲ့)..မင်းရဲ့ခြေရာလေးတွေပဲမို့
ငါမျက်ခွံတွေမို့ မျက်ရည်စို့စ....................

မင်းသိဖို့အတွက်................

မေ့ဖို့လည်း မချစ်ပါဘူး...
သတိရဖို့လည်း မမေ့ဘူး...
မေ့ဖို့လည်း သတိမရပါဘူး..
အနီးအနား ရှိနေချိန်မှာ ချစ်နေသလိုပဲ ..
အဝေးကြီးကို ခွဲနေရချိန်မှာလည်း ချစ်နေသတိရနေဖို့ဘဲလိုတာပါ..............

ငါလွမ်းတယ်...............

နင်နဲ့ငါစတွေ့တဲ့အချိန်လေး
ခုလိုချိန်မိုးရွာနေတဲ့အချိန်လေးပေါ့.................
ငါလွမ်းတယ်ချစ်သူရယ်........... 
ခုချိန်နင်ကောဘာတွေလုပ်နေလဲ
ငါ့မှာတော့မိုးရေထဲမှာတစ်ယောက်ထဲ
လျှောက်နေကပြီ.........
နင်ကတော့ခုချိန်ပျော်နေပြီပေါ့...............
ငါကတော့အလွမ်းတွေကိုထွေးပိုက်ပြီး
မိုးရေထဲမှာတစ်ယောက်ထဲလျှောက်နေကပြီ................
ငါရွေးချယ်ခဲ့တယ်လမ်းဘဲ
ဆက်လျှောက်ကတော့မှာပေါ့......
ခံစားကလဲ ကြိတ်မှိတ်ပြီး
ငါခံစားလိုက်မယ်...............
ခုတော့.....မိုးေ၇ထဲမှာ
နင့်ကိုလွမ်းတာတွေကိုမျောပြစ်လိုက်တော့မယ်................(12.3.2012)

သူငယ်ချင်းချစ်သူ................

နင့်ကိုငါဘယ်လောက်ချစ်တာနင်သိပါတယ်
ငါ့အပေါ်ဘာလို့ဒီလိုမျိုးတွေဆက်ဆံနေကတာလဲ
နင်ဆီကငါ့အတွက် အဖြေက
သူငယ်ချင်းတဲ့လား ချစ်သူရယ်...........
နင်ဘက်ကငါ့အပေါ် သူငယ်ချင်းထက်မပိုတော့ဘူးလား
နင်ကတော့နေနိုင်ပေမယ့် ...........
"1500 "ပြည့်နေတဲ့ င့ါအချစ်တွေကို
"528" လျှော့ချဖို့ မတက်နိုင်ခဲ့ဘူး
ငါဆိုတဲ့ကောင်က ဘာတွေဖြစ်နေမိပြီလဲကွာ
မင်းင့ါအပေါ်မှာ အဆိပ်တွေခတ်ထားတာလား
ဘယ်အချိန်မှ ပျောက်သွားမှာလဲ
ဘယ်ဘ၀က၀ဋ်ကြွေးတွေခံနေရတာလဲ...........
ဒီဘ၀မှာတင်ကျေပါတော့နော်.............
နင်ငါကိုပြန်ချစ်နိုင်မယ့်နေကို
ငါစောင့်နေမှာပါချစ်သူရယ်....................