Friday, May 11, 2012

***..မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ..(ပုံပြင်)***

* သူငယ်ချင်းတို့ရေ လောကမှာမိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ...
(၁)“ ဒုဒ္ဒဒံ ဒဒါတိ ” ပေးနိုင်ခဲတဲ့အရာကို ပေးတက်လို့ရှိရင် မိတ်ကောင်းဆွေကောင်းပါတဲ့။..
(၂)“ ဒုက္ကရံ ကရောတိ ” သာမန်ပုဂ္ဂိုလ်တွေ လုပ်ဖို့မလွယ်ဘူး၊ လုပ်ပေးနိုင်ခဲတဲ့အရာကို လုပ်ပေးတယ်ဆို
       ရင်လဲ မိတ်ကောင်းဆွေကောင်းပါတဲ့။..
(၃)“ ဒုက္ခမံ ခမတိ ” သည်းခံနိုင်ခဲတဲ့ အရာကိုလည်း သည်းခံနိုင်တယ်ဆိုရင်လဲ မိတ်ကောင်းဆွေကောင်း
     ပါတဲ့။..
(၄)“ အာပဒါသု န ဇဟတိ” ဒုက္ခရောက်နေတဲ့ အချိန်မှာ စွန့်ပြီးမသွားဘူးဆိုရင်လဲ မိတ်ကောင်းဆွေ
       ကောင်းပါတဲ့။ (အင်္ဂုတ္တရနိကာယ်-မိတ္တသုတ်)
*..သူငယ်ချင်းတို့ရေ ပုံပြင်လေးတစ်ပုဒ်ပေါ့....
    *တစ်ခါတုန်းက အင်မတန်ရင်းနှီးခင်မင်တဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် ...
တစ်နေ့တော့ သူငယ်ချင်းနှစ်ယောက် ကိစ္စတစ်ခုနဲ့ခရီးအတူတူ ထွက်ခဲ့ကြတယ်။ ခရီးသွားရင်း သူငယ်
ချင်းနှစ်ယောက် တောအုပ်ကြီးတစ်ခုကို ဖြတ်သန်းသွားကြတယ်။ တစ်ယောက်က လက်နက်ပါလာ
တယ် တစ်ယောက်က မပါဘူး။ လက်နက်ပါတဲ့သူက ဘာပြောလဲဆိုတော့ “ ဒီနေရာမှာ ဆင်ပဲတွေ့
တွေ့၊ ကျားပဲတွေ့တွေ့ ၊ဘာကောင်ပဲတွေ့တွေ့ ငါကာကွယ်နိုင်တယ်ပေါ့ ၊ဘယ်အကောင်မှမ
မကြောက်ဘူး ” တဲ့ လက်နက်ပါတဲ့သူက ဒီလိုပြောတယ်။ ပြောလို့မှမဆုံးသေးဘူး လမ်းကွေ့တစ်ကွေ့
မှာ ဝက်ဝံကြီးတစ်ကောင် ဘွားကနဲပေါ်လာတယ် ။ ဝက်ဝံကြီးလဲတွေ့လိုက်ရော အဲဒီလက်နက်ပါတဲ့
သူက သစ်ပင်ပေါ်တက်ပြေးပါလေရော။ လက်နက်မပါတဲ့ သူငယ်ချင်းကို ဒီအတိုင်းပစ်ထားခဲ့ပြီး ကိုယ်
လွတ်ရုန်းထွက်ပြေးသွားတယ်။
    ဟိုသူငယ်ချင်းလုပ်တဲ့သူကလဲ တိမ်းရှောင်ဖို့ အချိန်မရလိုက်ဘူး။ အဲဒီတော့ သူ့အသက်ကို သူကာ
ကွယ်တဲ့အနေနဲ့ လှဲအိပ်လိုက်ပြီး အသက်အောင့်ထားတယ်၊ အသေယောင်ဆောင်နေလိုက်ရတယ်။
     အဲဒီအချိန်မှာ ဝက်ဝံကြီးက အနားနားလာပြီးတော့ ခေါင်းကလျှာနဲ့လျက်တယ်။ ဟိုနမ်းဒီနမ်းလုပ်
တယ်။ အောက်ကလူကမလှုပ်ရဲဘူး အသက်လဲမရှုရဲဘူး၊ ငြိမ်နေရတယ် လှုပ်လိုက်ရင်တော့ အကိုက်ခံ
ရမှာသေချာတယ်။
     အဲဒီလို ငြိမ်နေတဲ့အခါကျတော့ ဝက်ဝံကြီးက လက်နဲ့ဟိုဘက်ကပုတ်ကြည့် ဒီဘက်ကပုတ်ကြည့် လုပ်
တယ် အောက်ကလူကမလှုပ်တော့။ အသေကြီးမှတ်ပြီး သူလမ်းသူ ဆက်သွားတယ်။
    ဝက်ဝံကြီးထွက်သွားပြီဆိုတော့မှ အပင်ပေါ်က လက်နက်ပါတဲ့သူက ဆင်းလာတယ်။ ဆင်းလာပြီး
တော့ “ သူငယ်ချင်း မင်းကိုဝက်ဝံကြီးက တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောသွားတုန်းလို့ ” မေးသတဲ့။
အောက်မှာကျန်ခဲ့တဲ့သူငယ်ချင်းက “ အေး  ဝက်ဝံကြီးက ငါ့အနားနား ကပ်ပြောသွားတာက မိတ်ဆွေ
သူချင်းမပီသတဲ့ အကောင်မျိုးကို နောင်ဘယ်တော့မှ မပေါင်းနဲ့တဲ့ ”
    အရေးကြုံလာပြီဆိုရင် နှစ်ဦးပူးပေါင်းခုခံမယ် မလုပ်ဘဲနဲ့ “ အဲဒီလို ကိုယ်လွတ်ရုန်းသွားတက်တဲ့ အ
ကောင်းမျိုးကို ဘယ်တော့မှမပေါင်းနဲ့ ”လို့ ဝက်ဝံကြီးက သူ့ကိုမှာသွားတယ်လို့ပြောသတဲ့။...
...သူငယ်ချင်းတို့ရေ  ပုံပြင်လေးကတော့ဒါပါပဲ....
***သူငယ်ချင်းတို့ရေ နောက်ထပ်မိတ်ကောင်းဆွေကောင်းတွေမှာရှိသင့်တာတွေကတော့...
(၁) “ပိယော” ချစ်ခင်လေးစားလောက်တဲ့ အရည်အသွေးတွေရှိရမယ်တဲ့...
(၂) “ဂရု”လေးစားလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်တဲ့...  
(၃) “ဘာဝနီယော” ချီးမွမ်းလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်တဲ့...
(၄) “ ဝတ္တာ”မကောင်းရင်လဲ ပွင့်ပွင့် လင်းလင်းပြောတက်တယ်တဲ့...
(၅) “ ဝစနက္ခမော” အပြစ်တွေ့လို့သူ့ကိုသတိပေးပြောကြားရင်လဲ လက်ခံတဲ့သူဖြစ်ရမယ်တဲ့...
 ..ကဲသူငယ်ချင်းတို့ ဒီပို့စ်လေးဖက်ပြီး မိတ်ကောင်းဆွေကောင်းနဲ့တွေကြပါစေ....

No comments:

Post a Comment