Monday, May 21, 2012

ကမ်းခြေပြဇာတ်

ကမ်းခြေပြဇာတ်
နိမ့်အမြင့်လှိုင်းတွေရှိသလို....
လူတွေမှာလည်း....ဂုဏ်ပကာသနတွေရှိတယ်။
လိုင်းတွေဟာ..တခါတလေနှုးညံ့သလို
တခါတလေမှာတော့....ခက်ထန်မာကျောလှတယ်။
လိုင်းဒဏ်ကို...ခါးစည်းခံတဲ့
ကမ်းစပ်ကရော...သူဘယ်လောက်ခံစားရမလဲ
ဒါပေမဲ့..သူမားမားကြီးရပ်တည်နေပါတယ်..
သူ့အတွက်လှိုင်းမရှိလို့..မဖြစ်ဘူးလေ..။
လိုင်းအတွက်...သူ့ဘ၀ကိုပေးဆပ်ထားတယ်
လှိုင်းအတွက်...သူ့ကျဆုံးပါစေ
ရင်ကွဲလို့..မငိုဘူး
ထာဝရ၊ရင်ထဲသိမ်းဆည်းထားတယ်။
သူ...လိုင်းရဲ့တေးသွားတွေ...ငိုသံတွေကို
မျှဝေခံစားပေးပေမဲ့..လှိုင်းကတော့
ကမ်းစပ်လေးကို..ဝေဒနာတွေ...
ပေးနေဆဲပါလေ...။
 

No comments:

Post a Comment