Saturday, May 12, 2012

အများရဲ့အထင်အမြင်(ဆရာတော် ဦးဇောတိက ရေသားထားသော "ဘာကိုတန်ဖိုးထား၇မလဲ"စာအုပ်မှကောက်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်။)

သူများ ကိုယ့်ကို အထင်ကြီးလို့ ပျော်ရတယ်ဆိုတာ         သူတို့အထင်ကြီးတာခဏပဲ။သူတို့အထင်ကြီးလို့ပျော်ရတယ်ဆိုတာလည်းခဏလဲ။

     ကိုယ့်ဘ၀မှာ ရေရှည် စိတ်ကျေနပ်မှု၊စိတ်ပျော်၇ွှင်မှု၊ စိတ်ရဲ့လုံခြုံမှု၊အေးချမ်းမှု ကိုပေးနိုင်တဲ့အရာတွေဟာ  Public Opnion လို့ခေါ်တဲ့ ဘာမှမခိုင်မြဲတဲ့ ခုတစ်မျိုး ၊ တော်ကြာတစ်မျိုး ဖြစ်တက်တဲ့အများရဲ့ အထင်အမြင် ၊ အထင်ကြီှးမှု ၊ အထင်သေးမှု ၊ ဝေဖန်မှုတွေ နဲ့ ဘာမှမဆိုင်ဘူး။ စိတ်ချမ်းသာမှုဟာ လူအထင်ကြီးမှု နဲ့ ဘာမှမဆိုင်ဘူး ။ သူများ ကိုယ့်ကို အထင်ကြီးလို့ ပျော်ရတယ်ဆိုတာ သူတို့အထင်ကြီးတာ ခဏပဲ။

     ကိုယ့်ဘ၀မှာ ရေရှည် စိတ်ကျေနပ်မှု ၊ စိတ်အေးချမ်းမှု ရမယ့်အလုပ်မျိုးကို ပိုပြီးတော့ စဉ်းစားပြီးတော့ လုပ်သင့်တယ် ။ ခဏလောက် သူများအထင်ကြီးမယ့်ကိစ္စ ၊ ခဏလောက် သူများ ချီးမွမ်းခံရမယ့် ကိစ္စ ကိုအကုန်ခံပြီးတော့လုပ် နေဖို့ မသင့်ဘူး .။

No comments:

Post a Comment