Friday, May 11, 2012

မျှော်လင့်ခြင်း *နေ*.............

ချစ်သူ လူတွေကငါတို့နှစ်ယောက်ကို...

နေနဲ့လ လို့ တင်စားပြီးပြောကြတယ်..
...
သူတို့တွေ ပြောတာမှန်ပါတယ်

ငါက နေဆို မင်းက လ ပေါ့

ငါအထီးကျန်စွာ ရှိနေတဲ့ အချိန်တွေမှာ

မင်းရောက်မလာနိုင်ဘူး..မင်းကြယ်လေးတွေနဲ့ ...

ပျော်ရွှင်နေတဲ့အချိန်တွေမှာ

အဝေးတဖက်မှာ ငါတစ်ယောက်တည်း အထီးကျန်စွာ...

အချစ်တွေနဲ့ တောက်လောင်နေခဲ့ရတယ်.....

ဒါပေမဲ့... မင်းကိုချစ်တဲ့ ငါ့်ရဲ့အချစ်တွေဟာ....

ဘယ်သောခါမှ လျှော့သွားတယ်လို့မရှိခဲ့ပါဘူးချစ်သူ....

ငါလေအေးမြတဲ့ ဆည်းဆာနေအဖြစ်ရှိနေတဲ့...

တချိန်ချိန်မှာတော့ မင်းကို...

ငါမြင်တွေ့နိုင်သေးတယ် ဆိုတဲ့......

မျှော်လင့်ချက်နဲ့လေးနဲ့ မင်းအတွက် .....

ကိုရှန်သန်နေ ဦးမှာပါ......ချစ်သူ

No comments:

Post a Comment