မင်းသိပါစေ............
ဖစ်နိုင်ရင် မပြောချင်ဘူးဆိုတဲ့စကား
ဒီတစ်ခါနောက်ဆုံးပဲ ဖြစ်ပါရစေ ...
မင်းဘက်က ဘာရယ်တော့မဟုတ်ပေမယ့်
...
မင်း မမြင်နိုင်တဲ့ဘက်က
အရမ်းခံစားရ လွန်းလို့ ပါ ... ။
ဖြစ်နိုင်ရင် အသံတိတ်နေခြင်းတွေ
ဒီတစ်ခါနောက်ဆုံးပဲဖြစ်ပါရစေ ...
မင်းဘက်က နှုတ်ဆိတ်တာ ဘာရယ်မဟုတ်ပေမယ့်
မင်း မမြင်နိုင်တဲ့ဘက်က
(တကိုယ်တည်း စကားပြောနေရသလို)
အထီးလွန်းသလို ခံစားရလို့ ပါ ...
No comments:
Post a Comment