Friday, May 11, 2012

မေတ္တာသံယောဇဉ်.........

မေမေရဲ့ ကြမ်းတမ်းတဲ့ လက်ဖဝါးနှစ်ခုကြားမှာ
ငါတို့ရဲ့ ပျော်ရွှင်တဲ့ကလေးဘဝရှိတယ်

မေမေရဲ့ ပါးပြင် အရစ်ကြောင်းတွေကြားမှာ
ငါတို့ရဲ့ ကြီးပြင်းရှင်သန်တဲ့ ခြေရာတွေရှိတယ်

မေမေရဲ့ ငွေရောင်ဆံနွယ်တွေကြားမှာ
ငါတို့အတွက် စိုးရိမ်ပူပန်ခြင်းတွေရှိတယ်

မေမေရဲ့ပြုံးရွှင်တဲ့ အပြုံးချိုချိုကြားမှာ
ငါတို့အတွက် ခွင့်လွှတ်နားလည်ခြင်းတွေရှိတယ်
.
ကြီးပြင်းရာလမ်းတလျောက်မှာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်က ဘဝရဲ့မြေသြဇာပါ... ဘဝတစ်ခု ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းရှင်သန်ဖို့ ဒီမြေသြဇာတွေက မရှိမဖြစ်လိုအပ်ပါတယ်...

No comments:

Post a Comment