များများရရင် များများပြန်ပေး(ဆရာတော်ဦးဇောတိကေ၇းသားထားသော"ဘာကိုတန်ဖိုးထားရမလဲ"စာအုပ်မှကောက်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်)
လူ့အသိုင်းအ၀ိုင်းထဲက ကောင်းကျိုးများများ ရချင်ရင်
အဲ့ဒီလူ့အသိုင်းအ၀ိုင်းကို ကောင်းကောင်းပြုစုရတယ်။
စိုက်ပျိုးေ၇းလုပ်တဲ့သူတွေဟာ အသီးအနှံကောင်းကောင်း များများရချင်ရင်
မြေကြီးကို ကောင်းကောင်းပြုပြင်ရမယ်၊မြေသြဇာ ကောင်းကောင်း လုံလောက်အောင်
ထည့်ပေးရမယ်လို့ နားလည်တယ်။ မြေကို မပြုပြင်ပဲ၊မြေသြဇာကောင်းကောင်းကို
လုံလောက်အောင်မထည့်ပဲစိုက်ပျိုးရင် အသီးအနှံ ကောင်းကောင်းမရနိုင်ဘူး။ ကြာလေ
ရတာနဲလေဖြစ်လာမယ်။ နောက်ဆုံးမှာ ဒီမြေဟာ စိုက်လို့မထူးတဲ့မြေဖြစ်သွားမယ်။
လူ့အသိုင်းအ၀ိုင်းဟာလည်းဒီလိုပါပဲ။ လူ့အသိုင်းအ၀ိုင်းထဲက ကောင်းကျိုး
များများရချင်ရင် အဲ့ဒီလူ့အသိုင်းအ၀ိုင်းကို ကောင်းအောင် ပြုစုရတယ်။
အရည်အသွေး မြင့်မားအောင်၊ စိတ်ထားတွေ မြင့်မားအောင်၊ပညာရေးမြင့်မားအောင်
ပြုစုရတယ်။ အဲ့ဒီလိုမလုပ်ပဲနဲ့ ရသလောက် ထုတ်ယူနေ၇င် ရတာ ကြာလေ နဲလေ
ဖြစ်သွားမယ်။
လူတိုင်းဟာ
ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဆီက ရနေတာတွေ အများကြီးရှိပါတယ်။
တောနက်ကြီးထဲမှာ မွေးဖွားလာပြီးတော့ တစ်သက်လုံး တောထဲမှာဘဲ နေခဲ့ရမယ်ဆိုရင်
အခုလောက် အသိဥာဏ် အဆင့်အတန်း၊ ပညာေ၇းအဆင့်အတန်း မြင့်တဲ့သူ
ဖြစ်လာနိုင်မှာလား။အခုလောက်ဗဟုသုတကြွယ်တာ ဘယ်ကရတာလဲ။ပတ်ဝန်းကျင်
အသိုင်းအ၀ိုင်းဆီရတာနော်။ပတ်ဝန်းကျင်ဆီကရတာတွေ အများကြီး၇ှိပါတယ်။ဒါကြောင့်
လူတိုင်းပဲ ကိုယ်တက်နိုင်သလောက် ပတ်ဝန်းကျင်
အသိုင်းအ၀ိုင်းကိုပိုကောင်းလာအောင် ပြုစုဖို့ သင့်ပါတယ်။ ကိုယ်ကများများ
ရရင်များများ ပြန်ပေးသင့်တယ်။ကိုယ့်ဘ၀ ဘယ်လောက်အောင်မြင်တယ် ဆိုတာကို ကိုယ်
ဘယ်လောက်များများ ရတယ်ဆိုတာနဲ့ မတိုင်းတာပဲ ကို ဘယ်လောက်များများ
ပြန်ပေးသလဲဆိုတာနဲ့ တိုင်းတာရင် ပိုကောင်းတယ် ။
No comments:
Post a Comment