Friday, May 11, 2012

ချစ်သူဆိုတာ.............

ချစ်သူဆိုတာ အဘိဓါန်တွေကြား သိမ်မွေ့အနူးအညံ့ဆုံး စကားလုံးဖြစ်သလို ရက်စက် အခက်ထန်ဆုံး ဝေါဟာရလည်းဖြစ်တယ်...........

ချစ်သူဆိုတာ ခွန်အားအသစ်တွေပေးစွမ်းနိုင်သလို လူတကိုယ်လုံး အင်အားတွေလျော့သွားအောင်လည်း စကားတစ်ခွန်းထဲနဲ့ ဖန်တီးစေနိုင်တယ်.........

ချစ်သူဆိုတာ အကြည့်တစ်ချက်နဲ့ စကားပေါင်းများစွာ ပြောနိုင်သလို စကားတစ်ခွန်းတည်းနဲ့လည်း ဘ၀တစ်ခုလုံးကို ပျက်ဆီးစေနိုင်တယ်......

ချစ်သူဆိုတာ အချိန်တိုင်း ကိုယ့်နောက်လိုက်နေတဲ့အရိပ်တစ်ခုဖြစ်သလို အချိန်တိုင်းကိုယ်က လိုက်ဖမ်းနေရတဲ့ အရိပ်တစ်ခုလည်းဖြစ်တယ်

ချစ်သူဆိုတာ ကဗျာပေါင်းများစွာ ဖြစ်ပေါ်စေနိုင်သလို ကဗျာပေါင်းများစွာ သေစေနိုင်တဲ့ ရှိုက်သံတစ်ခက်ဖြစ်တယ် ။

No comments:

Post a Comment